Tuesday, November 1, 2011

Personal (1)

Personal (1)
(Time - Author Critical Condition At Hospital)

အဲဒီနေ့တွင်မီးဝိုင်းကြီးက ကျွန်တော်လက်ယာဘက်ကို သွားနေတာတွေ့တယ်။ အဲဒီနောက်ကို ကျွန်တော်က လိုက်ပြီးငါ့အမေသူ့သားလေးယောက်ကိုလာခေါ်နေပြီဆိုပြီး ကျွန်တော်ကလိုက်ခဲ့ ပါသည်။ နောက်တစ်ဘက် ချက်ချင်းကြည့်တော့ ကျွန်တော့်ခြေထောက်ကိုဆွဲပြီး ကိုကို၊ မေမေ၊ ကျော်ကျော်တို့က ဒီမှာရှိတယ် မသွားနဲ့ ဟု ပြောနေပြန်တာ ကြားရပြန်တယ်။ အဲဒီမှာကျွန်တော့်လက်ယာဘက်က မီးဝိုင်းဝိုင်းကြီးနောက်ကို ကျွန်တော်မလိုက်တော့ပါ။ သတိပြန်ရ လာတော့ ဒီကမိသားစု ခြေထောက်ကို ဆွဲထားတာ တွေ့ရပါသည်။ သူငယ်ချင်းတစ်ယောက်က အဲဒါကို illusion ဟု ကျွန်တော်ကိုပြောပါသည်။ ကျွန်တော်ကတော့ ကိုယ်ရဲ့ ခံစားချက်ကို တင်ပြခြင်းဖြစ်ပါသည်။ 

ကျွန်တော်တို့အသက် ၆ဝကျော်၊ ၇ဝကျော်အသက် အတွက်မရဏပုံစံလေးတစ်ခုရှိပါသေးတယ်၊ BOARDING PASS ပုံစံရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ခင်ဗျား Flight လာရင် Boarding Pass နဲ့တက်လိုက်သွားရုံဘဲ။ ကျွန်တော်တို့ သက်ကြီးရွယ်အိုများအဘို့မရဏ၏ ဆန်းကျယ်ပုံတစ်မျိုး။

ဤစာတန်းတွင် grammer, composition နဲ့ spelling တွေကိုဂရုတစိုက်မကြည့်ဘဲ စာတန်းရဲ့သဘော သဘာဝကို နားလည်အောင်ဖတ်ရှုလေ့လာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Myoma Sein

2 comments:

We are sure glad you are here. Thanks to the doctors and good medicine. Jen

Dear Saya, we ar hoping that after a good number of your blogs, you will kindly allwo us to collate what you have written and have it published for posterity's sake.
With respect. Johnny

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More