Personal (1)

အဲဒီနေ့တွင်မီးဝိုင်းကြီးက ကျွန်တော်လက်ယာဘက်ကို သွားနေတာတွေ့တယ်။ အဲဒီနောက်ကို ကျွန်တော်က လိုက်ပြီးငါ့အမေသူ့သားလေးယောက်ကိုလာခေါ်နေပြီဆိုပြီး ကျွန်တော်ကလိုက်ခဲ့ ပါသည်။

Education

ကျွန်တော်တို့ အရင်က Medical ကျောင်းသားများစာသင်ပေးစဉ်က နိယာမအားဖြင့်လူဟာလေးမျိုးသာ ရှိတယ်။

Experience (1)-(2)

ကျွန်တော်တို့တစ်တွေ ဆရာဝန်တစ်ယောက်အနေနဲ့ လူမမာတစ်ယောက်ကို မျက်နှာချင်းဆိုင်နေရမှာပါ။ အဲဒီနေရာမှာ ပမာဏအားဖြင့် ကြည့်ရှုခဲ့လျှင် ရောဂါ တစ်ချို့ဟာ (ဥပမာ။ ။ အူအတက်ပေါက်တယ် ခွဲလိုက်တယ်) ရောဂါပျောက်သွားတယ်။

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

၂ဝ၁၂ ခုနှစ် အတွက် နှစ်သစ်ဆုမွန်တောင်း

ချစ်ခင်ရပါသော သူငယ်ချင်းများ၊ မိတ်ဆွေများ၊ အလည်လာ စာလာဖတ်ကြသူများ ၊ ရောက်လာကြသူများ အားလုံး မင်္ဂလာရှိတဲ့ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါရစေ…

Showing posts with label Education. Show all posts
Showing posts with label Education. Show all posts

Friday, January 6, 2012

Education (8)

Education (8)

Danial Webster  တစ်ခါက ကျောက်တုံးကျောက်ခဲ၊ ဒါမှမဟုတ် ကြေးများအပေါ်တွင် စာပေများရေးထား ခဲ့လျှင် အချိန်ကြာရင် ပျောက်ကွယ်သွားမှာဖြစ်ပါသည်။ အဲဒီကျောက်တုံး၊ ကြေးတုံးတို့ကိုသုံးပြီး ဘုရားရှိး ခိုးကျောင်းများ ဆောက်ရင်လည်း အချိန်ကြာလာရင် ဒါတွေဟာ ပျောက်ကွယ်ပျက်စီးသွားမှာဖြစ်ပါသည်။ ဒါပေမဲ့လူတစ်ဦးရဲ့ မပျက်စီးနိုင်သော စိတ်ဓာတ်အပေါ်ကို မူအားဖြင့် မိမိ၏ပြိုင်သူဖြစ်သော တစ်ခြား သူများ ကို ချစ်ခင်အောင်နှင့် မှန်ကန်သော တရားကို လက်ခံကျင့်သုံးသော ဘုရားတို့ရဲ့မူကို ဒီလူတွေရဲ့ စိတ်ဓာတ် အပေါ် ဖော်ကျူးနိုင်ခဲ့လျှင် အဲဒီမူဟာဘယ်တော့မှ ပျက်စီးပြောင်းလဲသွားမှာမဟုတ်တော့ပါ။ M.B.B.S အောင်ပြီးလူတွေက အဆိုပါဆရာဝန်ကို Honourific title  အဖြစ်ဒေါက်တာ ဟု ခေါ်ဆို ယူဆ လိုက်ခြင်း အားဖြင့် ဒေါက်တာတစ်ဦးဖြစ် သွားပါသည်။ သို့သော် doctor as an education person ဖြစ်ရန် အများကြီး လိုသေးကြောင်း သဘောပေါက်နားလည်ဖို့လိုပါသည်။ တစ်နည်းအားဖြင့်ပြောရင် ဆရာဝန်တစ်ဦး သူတစ်သက်တာ မှာတွေ့ကြုံရမဲ့ ပြသနာအမျိုးမျိုးကို နိုင်နင်းစွာ ဖြေရှင်းနိုင်စွမ်းအသိပညာ၊ အတတ်ပညာ ရှိသင့်ပါသည်။ ထိုအသိပညာ၊ အတတ်ပညာသည် အလျားဘယ်လောက်ရှည်ကြောင်း၊ အနံဘယ်လောက် ရှည်ကြောင်း၊ ထုထည်ဘယ်လောက်ရှည်ကြောင်း မည်သူမှ တွက်ချက်ပေးနိုင်စွမ်းမရှိပါ။ တကယ်စဉ်းစား ကြည့်လျှင် ထိုအသိÓဏ်သည် မိမိ၏ လုပ်သက်အပေါ်မူတည်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဆရာဝန် တစ်ဦး သိသင့်သိထိုက်၊ ပိုင်သင့်ပိုင်ထိုက်သော အသိပညာ၊ အတတ်ပညာသည် ၄င်း၏ လုပ်သက် အပေါ်မှာ လုံးဝမူတည်နေပါသည်။ ဥပမာပြောရလျှင် မိမိနေထိုင်တဲ့နေရာမှာ ဆေးဝါး ကုသခြင်းနဲ့လုပ်ရာမှာ အဲဒီ အပြင် အဲဒီလူဟာ ရပ်ကွက်အတွင်းတွင်ပြဿနာဖြစ်လျှင် လူအများက သူ့အပေါ် ကို ခေါင်းဆောင် တစ်ဦး အနေနဲ့ ရှု့မြင်လာပါသည်။ အဲဒါကြောင့် William Osler; the Father of Medicine က ဆရာဝန် တစ်ဦး သည်သူ့တစ်သက်တာမှာ ကျောင်းသားဖြစ်သည်ဟု ဆိုခဲ့ပါသည်။လုပ်ကိုင်လှုပ်ရှားမှုသည် အသက်ဖြစ် သည်။ 

ဒါကြောင့်ကျွန်တော်တို့ဆရာဝန်တွေ လုပ်ကိုင်လှုပ်ရှားမှုတွေ ရပ်လိုက်တာ နဲ့ သေနေပြီဟုသတ်မှတ် လိုက်ပါ သည်။အဲဒါကြောင့်ကျွန်တော်တို့ ဆရာဝန်ဟာမိမိရဲ့ အလုပ်ကိုလုပ်ကိုင်လှုပ်ရှားနေရင်း၎င်းဟာ ကျောင်းသား တစ်ယောက်အဖြစ် နားလည်သဘောပေါက်ဖို့ကောင်းပါသည်။ ဒီကိစ္စ မှာ ကျောက် စရစ် အတုံးကြီးကို ရုပ်ထုဖြစ်အောင် လုပ်သလိုပညာသင်ယူခြင်းသည် လူ့ရဲ့နှလုံးသားကို အကောင် အထည်ဖော်ပေးပါသည် (Addison)/ ကျွန်တော် တို့ကိုပညာသင်ယူတဲ့နေရာမှာ ဘယ်လို စဉ်းစား ရလဲ၊ ဘယ်လို ဆုံးဖြတ်ရမလဲကို ဦးတည်ပြီး သင်ထိုက်ပါသည်။ ပညာသင်ယူခြင်းရဲ့အဆုံးဟာ စည်းကမ်းရှိ လာခြင်းဖြစ်ပြီး မိမိဦးနှောက်ကို အင်အားအပြည့်ဖြင့် သုံးနိုင်ခြင်းဖြစ်ပြီး၊ သူများတွေ ပြောထားသော သူများတွေ လုပ်ထားသော အချက် အလက်တွေကို တစ်ခုတည်း စုစည်းပြောထားခြင်းမဟုတ်ပါ (TWETRS)/
ဆရာဝန်တစ်ဦးရဲ့ ပညာသင်ကြားပုံကို တစ်နည်းအားဖြင့် အမျိုးအစားသုံးမျိုးဖြစ်ကြောင်းတွေ့ရပါသည်။
၁။ သိပ္ပံနည်းကျ ဖွံ့ဖြိုးခြင်း။
၂။ အနုပညာအရ ဖွံ့ဖြိုးခြင်း။
၃။ အတွေးအခေါ်မူများဖြင့် ဖွံဖြိုးခြင်း ဖြစ်ပါသည်။ စိတ်ဝင်စားဖို့ကောင်းသည်မှာ တစ်ချို့ဆရာဝန်များ သည်၊ နိုင်ငံရေးသမား၊ စီပွားရေးသမား၊ ဘဏ်အလုပ်သမား၊ အင်ဂျင်နိယာ ဖြစ်သွားကြ သည် ကို တွေ့ရပါသည်။ အဆိုပါ ဆရာဝန်များသည် သူတို့ ဆောင်ရွက်သင့်သော ကိစ္စရပ်များနှင့်ပြောင်းပြန် အလုပ်များပြုလုပ်နေတာကိုတွေ့ရပါသည်။ အရှေ့အလယ်ပိုင်းဒေသနှင့် ဘောလ်ကန် ဒေသများတွင် လူတွေကိုအစုလိုက်သုတ်သင်နေတဲ့ ဆရာဝန်တွေကိုတွေ့ရပြီး အံဩမိပါသည်။ ထိုနည်းတူစွာဘဲ ဒေါက်တာ Albert Switzerဟာ ပြင်သစ်အုပ်ချုပ်တဲ့အာဖရိကနိုင်ငံတွင် အသက်(၃၁) M.B.B.S  ဆရာဝန်အဖြစ် ကြိုးစား အားထုတ်ခဲ့ပြီး သူ့ရဲ့ယူဆချက် philosophy of civilisation 1923  ကို စာတန်းတင်ခဲ့ပါသည်။ ဒီကိစ္စအတွက် ၁၉၅၂ ခုနှစ်တွင် Nobel Peace Prize ဆက်သခြင်း ခံခဲ့ရပါသည်။ တကယ်အားလုံး စာရင်းစစ်ရရင် "မိမိကိုယ်မိမိလိုအပ်တဲ့ပညာ ပြည့်စုံတဲ့ဆရာဝန်လား"ဆိုတဲ့ မေးခွန်းကို အဖြေရှာ ကြည့်ရုံပါဘဲ။ တကယ်လို တာက ကိုယ်ကိုကိုယ်ကောင်းသတဲ့ကောင်းအောင် အလုပ်ကိုကြိုးစားလုပ်၊ လိုအပ်တဲ့အသိပညာ၊ အတတ် ပညာစုဆောင်း၊ ဖြတ်ထိုးÓဏ်ကောင်းကောင်းရရှိလာအောင် ကြိုးစားရ မည်ဖြစ်ပါသည်။

Tuesday, December 13, 2011

Education (6)

Education (6)

ကျွန်တော်တို့တစ်တွေ ဒီရုပ်ခန္ဖာကြီးပြုပြင်ပြောင်းလဲ လုပ်ကိုင်နေရတာ စဉ်းစားကြည့်လျှင် သဘောခန္မာဖြ စ် ကြောင်းတွေ့ ရပါသည်။ ဘုရားရဲ့တရားသဘောအရ မဟာဘုတ်ကြီး(၄)ပါးဆိုတဲ့ မြေကြီးပထ၀ီ၊ အာဘော ရေ၊ တေဇော မီးနဲ့ ၀ါရော လေ၊ အပေါ်တို့တွင် တည်ရှိနေပါသည်။ ထိုတည်ရှိချက်ကို နာမ်ခန္မာ ဟူသောစိတ်နှင့် စေတသိတ် ငါးဆယ့်နှစ်ပါးများက ၀င်ရောက်ချယ်လှယ်ပြီး လူအဖြစ်နဲ့လှုပ်ရှားနေ ရပါ သည်။ ဆိုလိုသည်မှာ ရုပ်ခန္မာကြီးသည် ဦးနှောက်မရှိဖြစ်ပြီး ၄င်းအတွက် လှုပ်ရှားရန်အမိန့်ပေးသော အရာမှာခေါင်းဖြစ်ကြောင်း ရှင်းနေပါသည်။ အဲဒီခေါင်းထဲမှာ အာရုံအားဖြင့် စက္ခုအာရုံ မျက်စိ၊ သောတအာရုံ နား၊ ယနာအာရုံ နှာခေါင်း၊ ဇိဝှါအာရုံ လျှာအရသာ၊ ဖောဌဗ္မာအာရုံ တွေ့ထိခြင်းကိုသိခြင်းတို့အပြင် ဓမ္မာရုံဖြစ် ပျက်နေသော ကိစ္စအ၀၀ကို ဥာဏ်ကပညာဖြင့် သိလာသည့်တိုင်အောင် အာရုံ အားဖြင့် ခြောက်ပါးရှိပါသည်။ ဒါကြောင့်ရှေးလူကြီးများ ဆိုရိုးစကားတစ်ခုရှိပါသည်။ အသက်ကို ဥာဏ်စောင့်သည်၊ ဥစ္စာကို ကံစောင့် သည်ဟူ၍ ဆိုရိုးစကားဖြစ်ပါသည်။ နောက်တစ်နည်းပြန် စဉ်းစားလျှင် ကျွန်တော်တို့ဘ၀ သမ္မာ ဒိဌိဖြင့်နေကြောင်း တွေ့ရှိရပါသည်။ လောကတွင် ပရမတ်ထသစ္စာအနေနှင့် တည်ရှိနေသည်မှာ 
၁။ စိတ် 
၂။ စေတဿိတ်
၃။ ရုပ် 
၎။ နိဗ္မာန် ကျန်တဲ့အရာအားလုံးသည် ပညက်များဖြစ်နေပါသည်။

Education (5)

Education (5)

လောကကြီးမှာ လူအဖြစ်နဲ့ လည်ပတ်စဉ် လူတကာတို့တွေ့ကြုံပြီး ပညာယူထိုက်တဲ့ စာရေးဆရာကြီး ဦးသုခရေးခဲ့သည့် ဘ၀သံသရာသီချင်းမှ ကောက်နုတ်တင်ပြအပ်ပါသည်။

" ဘ၀သံသရာ "
ဘ၀သံသရာရှည်လျား၊ ထွေဖျား မနေမနား တစ်သွားတည်းသွားကြတာ .....
အဲဒီလိုသံသရာမဆုံးမခြင်းသွားကြတာ...... ဘယ်သူတွေရဲ့ ပရောဂလည်း
စဉ်းစားကြည့်တော့........
လောဘရယ်၊ ဒေါသရယ်၊ မောဟရယ် အ၀ိဇ္စာ ပစ္စုရ သင်္ခါရာ.......
ငိုလိုက်၊ ရယ်လိုက်၊ ဘယ်အခါမတည်မြဲ........ ဖောက်လွဲ၊ ဖောက်ပြန်
အကြောင်းကံ ကံမသကာ.......
ပျော်လိုက်၊ ရွှင်လိုက်၊ ငိုကာ၊ ရယ်ကာ၊ ဖောက်လွှဲ၊ ဖောက်ပြန် အကြောင်းကံ
ကံမသကာ.......
တွေ့ကြုံ၊ ဆုံကွဲ၊ ခရီးနည်း ၀မ်းနည်းဝမ်းသာဖြစ်ချင်တာလည်း မဖြစ်ရပါ....
မဖြစ်ချင်တာလည်း ဖြစ်ရတာ...
အဲဒါ အဲဒါ ဘ၀သံသရာ.......
သြော် (၃၁)ဘုံ ဖြစ်ခြင်းရောက်တော့ ကရွက်ကွင်းရောက်တဲ့......
ဒုက္ခသစ္စာ၊ သမုဒ္ဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာကို
ကျင့်ကြံအားထုတ်နိုင်ခဲ့လျှင် ဒီဘ၀သံသရာက လွတ်မြောက်နိုင်မှာ 
(အဲဒါ အဲဒါ ဘ၀သံသရာ.......)
စာဖတ်သူပရိသတ်အနေဖြင့် ဦးသုခရဲ့ ဆိုဆုံးမစကားကို
တိကျစွာလိုက်နာကျင့်သုံးကြရန် အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။

Education (4)

Education (4)

ယခုလောလောဆယ် နောက်ဖေးအိမ်ကင်ဆာ retal cancer ကို မခွဲစိတ်ဘဲပြုစုကုသနည်းဖြင့် တစ်ချို့နိုင်ငံများ တွင် ပေါ်ထွန်းနေပါသည်။ သည်စက်ဟာ Papillion 50TM ဖြစ်ပါသည်။ ဤကုသမှုများကို အထူးသဖြင့် အနောက်နိုင်ငံများတွင်လုပ်နိုင်ရန်များသည်။ Review များပေါ်ထွက်ခဲ့ပါသည်။

Monday, November 14, 2011

Education (3)

Education (3)

ဆေးပညာနဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ အဖန်ဖန်ညှိနိုင်းဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ အဲ ဒီ ဆွေးနွေး တိုင်ပင်ပွဲတွေမှ ထွက်လာသော ရလဒ်တစ်ချို့အကောင်အထည်ဖော်နိုင်သမျှဖော်ခဲ့ပါတယ်။ အဲဒီ အထဲမှာ ကျွန်တော် အနေနဲ့ ဘွဲ့ကြိုသင်တန်းများမှ ကျောင်းသား၊ ကျောင်းသူများသည် မနစ်နာရဟူသော ခံယူချက်ရှိပါသည်။ ထို့နည်း လည်းကောင်း ဘွဲ့လွန်ကျောင်းသားများ မှာတော့ အောင်နိုင်သူဖြင့် ထွက်မြောက် နိုင်ရန် ယုံကြည်မျှော်လင့်ပါတယ်။ ယခုလည်း အဲဒီလို training ယူခဲ့တဲ့ပုဂ္ဂိုလ်များ ကမ္ဘာအနှံ့မိမိရဲ့ အတတ်ပညာ နဲ့ပတ်သက်ပြီး လုပ်ကိုင်စွမ်းရည်အပြည့်နဲ့လုပ်ကိုင်နေကြပါသည်။ Champion of the Champions.

Education (2)

Education (2)

ကျွန်တော်ကအမြဲတမ်းကိုယ်သင်နေတဲ့ ကျောင်းသားတွေအပေါ် စေတနာအပြည့်ဖြင့် တာဝန်ထမ်းဆောင် ခဲ့ပါသည်။ McGill University in Montreal, PQ, Canada မှအပြန် ဆွေးနွေး ပညာ သင်ကြားရေး စနစ်ကို ကျောင်းသား အချင်း ချင်း၊ ကျောင်းသားနဲ့ဆရာ၊ ဆရာအချင်းချင်း၊ သုံးဖက်မိတ်များ ဆွေးနွေးတိုင်ပင် စာသင်ယူပုံကို မိမိသင်ကြား နေသော တက္ကသိုလ် တွင် ပြုပြင်ပြောင်းလဲပြင်ဆင် ခဲ့ပါသည်။ Journal clubs ကိုလည်း စည်းစည်းကားကား စိုစိုပြေပြေ ဖြစ်အောင် Canada မှအပြန် မိမိသင်ကြားရေး ဌာန တွင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

Tuesday, November 1, 2011

Education (1-1)

Education (1-1)

What the mind does not know, the eyes do not see, the ears do not hear and the hands do not feel. ဒီကိစ္စမှာ ကျွန်တော်တို့ တစ်တွေ ပြဌာန်းစာအုပ်၊ မှတ်စု အစရှိသည့်ပစ္စည်း ပထမဦးဆုံး ကိုယ့်ကို ကိုယ် ပြည့်စုံအောင် မဖြည့်နိုင်သ၍ ကြားကဖြတ်လမ်းအနေနဲ့ စိတ်ကူးတွေအကြီးအကျယ် မှားမှာ ကို ဖော်ကျူးထား ခြင်းဖြစ်တယ်။ မျက်စိနဲ့ကြည့်ရင်မြင်တာ နားထောင်တဲ့နေရာမှာကြားတာ၊ လက်နဲ့ထိတွေ့ တဲ့နေရာမှာ အစိုင် အခဲ၊ နာမနာ၊ သိဖို့အရေးကြီးတာကို ဖော်ကျူးခြင်း ဖြစ်ပါသည်။ အတိုချုပ်ပြောရရင် မျက်စိနဲ့မြင် အောင်ကြည့် ပြီးရင် အဲဒီ လူပုဂ္ဂိုလ်မှာ မိမိရဲ့နေထိုင်မှု ကို ပြောင်းလဲ သွားမှာကိုတွေ့ရ မှာဖြစ်ပါတယ်။အဲဒီမှာကြောင်တောင်ကန်း၊ကြောင်တောင်ပင်းတွေအတွက် ဖော်ကျူးခြင်း ဖြစ်ပါတယ်။ (ဥပမာ။ ။အခန်းတစ်ခန်းမှာ မြွေတစ်ကောင် တွေ့ ခဲ့လျှင် သူကြည့်ခဲ့ လို့မြင်ရင် သူ့ဟာသူဘာလုပ်ရမယ် သူသိတယ်)။

Education (1)

Education (1)

ကျွန်တော်တို့ အရင်က Medical ကျောင်းသားများစာသင်ပေးစဉ်က နိယာမအားဖြင့်လူဟာလေးမျိုးသာ ရှိတယ်။
1. He who knows not that he knows not that he knows not, is a fool. Avoid him.
2. He who knows not that he knows is asleep. Awaken him.
3. He who knows that he knows is a simple man, leave him alone.
4. He who knows that he knows, is a wise man, follow him.

တစ်သက်မှာလုပ်ကိုင်စားသောက်နေစဉ် ဒီလိုမျိုးမေးခွန်းကို မိမိအနေနဲ့ရရှိထားတဲ့ ပညာတွေကိုသုံးပြီး ဘယ်သူတွေကိုတော့ ရှောင်ရမည်၊ ဘယ်သူတွေကိုတော့ ဆောင်ရမည် ဆုံးဖြတ်ဖို့တော့ အရေးကြီး လှပါ သည်။

Twitter Delicious Facebook Digg Stumbleupon Favorites More