Thursday, January 5, 2012

Personal (5)

Personal (5)

ကျွန်တော်အနေနဲ့စဉ်းစား၍အဖြေရှာရခက်လေဖြစ်နေပါသည်။အခုခေတ်အခုကာလ ဆေးပညာသိပ္ပံမှာ ဘဲဖြစ်ဖြစ်၊ အင်ဂျင်နီယာတွေဘဲဖြစ်ဖြစ် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရင်း ဘဲဖြစ်ဖြစ် လေ့ကျင့်မှုနဲ့ပတ်သက်၍ တိုးတက်ရင်းဘဲဖြစ်ဖြစ်၊ သူ့ကဏ္ဍနှင့်သူတီထွင်မှုအသစ်၊ လုပ်ကိုင်ဆောင်ရွက်မှုအသစ် ထွင်လာကြသည် ကိုတွေ့မြင်ရပါသည်။ အင်ဂျင်နီယာတွေမှာ ဆိုရင် အဆောက်အအုံများ လျပ်စစ်ဓာတ်နှင့်ရေသုံး ဓာတ်နည်း သွားတာကို တွေ့ရပါသည်။ ဆက်သွယ်ရေးပိုင်းမှာဆိုရင် ကမ္ဘာကြီးမှာ ရွာကလေးလိုဖြစ်သွားပါသည်။ ဒီနေရာမှာ ဖြစ်ပျက်မှု ကြည့်တဲ့သူဆိုရင် နောက်တစ်နေရာမှာချက်ခြင်းသိနိုင်ပါသည်။ ကျွန်တော်တို့ တစ်တွေမိမိရဲ့ကမ္ဘာမက တစ်ခြားကမ္ဘာတွေမှာ နေထိုင်နိုင်အောင် တစ်ခြားကမ္ဘာတွေမှာထွက်တဲ့ သဘာဝ ပစ္စည်းများ (resource) ကို လိုက်လံရှာဖွေနေတဲ့အချိန်ဖြစ်နေပါသည်။ စာရင်းပညာသိပ္ပံ ရှုထောင့် အရ တိုးတက်မှုတွေဟာ မယုံနိုင်အောင်ဖြစ်ရပါသည်။ Humane genome project အကြောင်း၊ Genetic ဆေးများ၏ biochemical structures ပြောင်းလဲပြီး chemotherapy လုပ်လို့ရပါပြီ။ လူ့ရဲ့ ဟိုမုန်း များကိုပြုပြင်ပြောင်းလဲနိုင်လာသလို လူ၏ခန္ဓာကိုယ်အပြင်တွင် ကလေးကို ဖန်းတီးနိုင်လာသည်။ အက်ထရာစောင်း CT scan ပေါ်ထွန်းလာသဖြင့် ရောဂါရှာဖွေတဲ့နေရာနှင့် ရောဂါကုသတဲ့နေရာမှာ အများကြီး အထာက်အကူရခဲ့ပါသည်။ တစ်နည်း အားဖြင့် ဟိုဒုတိယကမ္ဘာစစ်အပြီး အနုမြူကိုစမ်းသပ် ခွဲစိတ် ခဲ့နိုင်သည့်အချိန်ကဲ့သို့ အချိန်ဖြစ်နေကြောင်း လက်တွေ့ သိရှိနေပါသည်။ ဒါပေမဲ့ ယခုခေတ်လောလော ဆယ် တွေ့ရှိနေရသောပြသနာများမှာ ကမ္ဘာရာသီဥတုများ ပြောင်းလဲခြင်း၊ ကမ္ဘာပေါ်တွင်ဓာတ်ငွေ့ များဖြင့် အုပ်ထား၍ ပူနွေးလာခြင်း၊ တိုင်းပြည်တိုင်းတွင် အန္တရာယ်ဖြစ်စေ သည့်အခြေအနေများ၊ ပင်လယ်ပေါ်တွင် ဆီဖိတ်စင်ခြင်း၊ သစ်ပင်သစ်တောများဖြုန်းတီးခြင်း၊ အစာရေစာငတ်ခြင်း၊ သောင်းကျန်းသူများထခြင်း အစရှိသည့်ခေတ်သစ်ပြသနာများ ရင်ဆိုင်နေရ ပါသည်။ တစ်နည်းအားဖြင့် ကြည့်တတ်လျှင် တိုး တက်ပြီးသောနိုင်ငံကြီးများအနေနဲ့၊ ၄င်းရဲ့တိုးတက်မှုအတွက် အရေးကြီးသော energey လိုအပ်ချက် များအတွက်လူတို့ရဲ့အလွန်နူးညံ့တဲ့ခံယူချက်များကိုဖျက်ဆီးလျက် လောဘ၊ ဒေါသ၊ မောဟတို့၏ ကျော့ကွင်းထဲတွင်
ရောက်ရှိသွားကြ ပါသည်။ ယခုအခါ လူနာ၏ကိုယ်အတွင်း endoscopy ဖြင့် ကြည့်မရသည့်နေရာ မရှိတော့ပါ။ အဲဒီရဲ့ဆိုးကျိုးဟာ ဆရာဝန် တော်တော်များများလူမမာကို ကိုယ်ထိလက်ရောက်စမ်းသပ်ခြင်း မရှိတော့ဘဲနှင့် သွေးစစ်တာ၊ ဆီးစစ်တာ စာရွက်စာတမ်း အပေါ်မူတည်ပြီး လူမမာတွေကုသ လာတာတွေကို ဝမ်းနည်းစွာ သတိထားမိပါသည်။ ဟိုအချိန်အခါက စာရေးသူ ကုတင်ဘေးနှင့်ခွဲစိတ်ခန်းများ၌ ဆရာကြီးများပြောခဲ့သည့်၊ (၁၀)ချက်ခန့်ကို တင်ပြအပ်ပါသည်။ ဤကဲ့သို့ပညာသင်နည်းမျိုးကို လူမမာ၏အိပ်ရာဘေး၊ ဒါမှမဟုတ်ခွဲ စိတ်ကုသခန်း၊ ဆရာကြီးများကိုယ်တိုင် ပြောဆိုဆုံးမတာကအစ ပညာရနိုင်ပါသည်။


(မှတ်ချက်။ ။ CD, DVD နဲ့သင်ကြားရာ မဖြစ်နိုင်ကြောင်း ထင်ရှားပါသည်)။ အဲဒီဆေးကျောင်းမှ ဆရာကြီးများ ပြောသွားသည့် အချက်ကလေး (၁၀)ခု တင်ပြလိုပါသည်။

(၁။ လူမမာများဟာ ပညာသင်ရင်ကောင်းဆုံး ဓာတ်ခွဲခန်းများဖြစ်ကြပါသည်။)

(၂။ ဆရာဝန်တစ်ဦးသည် သူဆရာဝန်ဖြစ်တာကအစ သေသွားသည့်တိုင်အောင် သူကိုယ်သူကျောင်း သားအဖြစ် သတ်မှတ်ရပါမည်။)

(၃။ လူမမာမပါဘဲစာသင်ရင် ပင်လယ်ပြင်အပေါ်မှာ တက်မပါတဲ့လှေနဲ့လှော်တာအတူတူဘဲ။)

(၄။ ကျောက်ခဲသေးသေးလေးတွေက ခွေးငယ်ငယ်ကလေးတွေလိုဘဲ အသံအမြည်ဆုံးဘဲ။)

(၅။ လူမမာရဲ့ဖင်ထဲကို လက်ညိုးထိုးဖို့မေ့သွားရင် သူများကမင်းဖင်ကောင်းထဲကို လက်ညိုးထိုးလိမ့်မည်။)

(၆။ ကလေးကိုစမ်းသပ်တဲ့အခါ ပါးစပ်၊ နှာခေါင်း၊ နား၊ လည်ပင်းကိုမစမ်းသပ်ရင် ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပါသည်။)

(၇။ မျက်စိသည်ပထမ၊ လက်ကနောက်မှ ပါးစပ်ပေါက်ကိုပိတ်ထားပါ။)

(၈။ နင်နားထောင်းရင်ကြားအောင်နားထောင်၊ နင်ကြည့်လျှင်မြင်အောင်ကြည့်၊ နင်လက်နဲ့စမ်းရင် ထိအောင်စမ်း။)

(၉။ မင်းမှတ်ထားတစ်ခါတစ်လေရောဂါကုရင် တစ်ခါတစ်လေရောဂါသက်သာအောင် လုပ်ပေးနိုင်သည်။ ဒါပေသိ မျှော်လင့်ချက် အမြဲတမ်းပေးနိုင်ရမည်။)

(၁၀။ လူမမာပြုစုကုသတဲ့နေရာမှာ လူမမာကိုပြုစုကုသပါ။ ဓာတ်မှန်တို့၊ သွေးစစ်တဲ့နေရာက ရတဲ့ စာရွက်တို့နှင့် မကုသပါနှင့်။ ဒီလိုအဖိုးတန်တဲ့စကားစုတွေ ကျောင်းသားနဲ့ဆရာကြီးနဲ့ လူမမာရဲ့အိပ်ရာဘေး၊ ခွဲစိတ်ကုသတဲ့အခန်းများ ဒါမှကြားရမည်၊ သိရမည်ဖြစ်ပါသည်။)

စာရေးသူလက်ထက်က ဆရာဝန်တစ်ဦးဖြစ်ရန် (၇)နှစ် ကြာခဲ့ပါသည်။ ယခု(၆)နှစ် ဖြစ်နေပါသည်။ အဲဒါကြောင့် ကျွန်တော်တို့တစ်တွေ အခြေခံကြတဲ့သင်ပုံသင်နည်း၊ အဲဒီအပေါ်မှာမှ ကောင်းသတဲ့ကောင်းအောင် ဖန်းတီးနိုင်စွမ်းရှိသော ခူငညငခေူာနအ့သျိ များလိုက်လံရှာဖွေဖို့ အရေးကြီးပါသည်။ ဒီအတိုင်းပစ်ထားလို့မရပါ။ ကျွန်တော်ကြားဖူးတဲ့ သီးချင်းလေးနဲ့

နိဂုံးချုပ်ပါရစေ...

* ပန်းတွေဘယ်ကို ရောက်ကုန်သလဲ
   လုံးဝမပွင့် အချိန်ကြာလှပြီ
   ငှက်အပြာတွေအကုန် ဘယ်ရောက်ကုန်ပြီလဲ.......
   အချိန်အပေါ်မှာ ကြာလှပြီ
  သူတို့ဘယ်တော့ သိလာမှာလဲ......
  အချိန်အပေါ်မှာကြာလှပြီ ..*

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More