Personal (1)

အဲဒီနေ့တွင်မီးဝိုင်းကြီးက ကျွန်တော်လက်ယာဘက်ကို သွားနေတာတွေ့တယ်။ အဲဒီနောက်ကို ကျွန်တော်က လိုက်ပြီးငါ့အမေသူ့သားလေးယောက်ကိုလာခေါ်နေပြီဆိုပြီး ကျွန်တော်ကလိုက်ခဲ့ ပါသည်။

Education

ကျွန်တော်တို့ အရင်က Medical ကျောင်းသားများစာသင်ပေးစဉ်က နိယာမအားဖြင့်လူဟာလေးမျိုးသာ ရှိတယ်။

Experience (1)-(2)

ကျွန်တော်တို့တစ်တွေ ဆရာဝန်တစ်ယောက်အနေနဲ့ လူမမာတစ်ယောက်ကို မျက်နှာချင်းဆိုင်နေရမှာပါ။ အဲဒီနေရာမှာ ပမာဏအားဖြင့် ကြည့်ရှုခဲ့လျှင် ရောဂါ တစ်ချို့ဟာ (ဥပမာ။ ။ အူအတက်ပေါက်တယ် ခွဲလိုက်တယ်) ရောဂါပျောက်သွားတယ်။

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

၂ဝ၁၂ ခုနှစ် အတွက် နှစ်သစ်ဆုမွန်တောင်း

ချစ်ခင်ရပါသော သူငယ်ချင်းများ၊ မိတ်ဆွေများ၊ အလည်လာ စာလာဖတ်ကြသူများ ၊ ရောက်လာကြသူများ အားလုံး မင်္ဂလာရှိတဲ့ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါရစေ…

Showing posts with label Experience. Show all posts
Showing posts with label Experience. Show all posts

Friday, January 13, 2012

Experience (11)

Experience (11)

A thing of beauty is a joy for ever it never diminishes and it goes on forever, 

John Ruskin 
Beauty လှပခြင်းအကြောင်းကို လေးလေးနက်နက်စဉ်းစားခဲ့လျှင် လှပသောမိန်းကလေး၊ ပဲရစ်တွင်ရှိသော Mona Lesae ၊ ဝါရှင်တန်နှင့်ဂျပန်တို့တွင် တစ်ပြိုင်နက်ပွင့်သောချယ်ရီပန်းပွင့်ပွဲ၊ ပြိုင်မြင်း တစ်ကောင်   ပြေးနေတာ မြင်ရတဲ့အခါ၊ မိမိကိုယ်ပိုင် အိမ်တွင်မွေးထားသော တိရစ္ဆာန်တို့ ကို ပြုပြင်ပြောင်းလဲ သင်ထားခြင်း၊ နေဝင်၊နေထွက် ရှုခင်းကို ပင်လယ်ပြင်ပေါ်၌ရှုမြင်ရခြင်း။ လပြည့်နေ့လကြီး လဝန်း အပြည့်ထွက်လာသည်ကို မြင်ရခြင်း။ စသည်ဖြင့် မိမိကြည့်တတ်ခြင်း အပေါ်မူတည်ပြီး ကျွန်တော်တို့ ဝန်းကျင်၌ beauty အမြဲတမ်းလှပနေပါသည်။ ဝမ်းနည်းဖို့ကောင်းသည်မှာ တစ်ချို့လူတွေ ၏ လောကကြီးရဲ့တောက်ပခြင်းကို မခံစားနိုင်တဲ့အခြေအနေရောက်ပြီး နောက်ဆုံးပိတ်တွင် မိမိအသက် ကိုမိမိ အဆုံးသတ်သွားကြသည်များကို တွေ့ရတဲ့အခါလွန်စွာ ဝမ်းနည်းမိပါသည်။

Wednesday, January 11, 2012

Experience (10)

Experience (10)

ခေတ်တစ်ခေတ်က အကြီးအကျယ် စကားအဆိုတစ်ခုထွက်လာတဲ့ ပြဿနာအကြောင်း တင်ပြလိုပါသည်။ အဲဒါက (အူမတောင့်မှသီလစောင့်နိုင်တယ်) ဟူ၍ဖြစ်ပါသည်။ စတင်သုံးလိုက်သူ၏ စေတနာကို ကျွန်တော် မသိပါ၊ ဒါပေမဲ့ အဲဒီယူဆမှု ကြောင့် လုပ်ငန်းခွင်များတွင် လာဘ်ပေးလာဘ်ယူမှုများစွာ ပေါ်ထွန်းခဲ့သည်ကို ယခုတိုင်ဝမ်းနည်းစွာ တွေ့မြင်ရပါသည်။ ဒီကိစ္စဟာပြည်တွင်းဆက်ဆံရေးသာမက အပြည်ပြည်ပေါင်းသင်း ဆက်ဆံရေးကိုပါ ထိခိုက်နေကြောင်း ထင်ရှားစွာ တွေ့မြင်နေရ ပါသည်။ တစ်ချို့တွေက အဲဒီလိုလုပ် တာကို greeting the hands ဆိုတဲ့ဝေါဟာရကို အသုံးပြုကြပါသည်။ ဒီလိုဖြစ်လာတဲ့ ကင်ဆာရောဂါကြီး အပြီးပပျောက်ပါစေလို့ ကျွန်တော်တို့ တိုင်းပြည်အတွက် ဆုတောင်းမိပါသည်။

ကမ္ဘာပေါ်တွင်လူအမျိုးမျိုး တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံ နေထိုင်လှုပ်ရှားနေကြပါသည်။ အဆိုပါ လူအချင်းချင်း၏တန်ဖိုးအတိမ်အနက်သည်အဲဒီပုဂ္ဂိုလ်၏ကိုယ်ကျင့်တရား(character)အပေါ်မှာ ရေရဲ့
အနက်ကို ကြာရိုးကြာစွယ်ဖြင့် သိသကဲ့သို့ သိအပ်ပါသည်။ အဲဒါကြောင့်ရှေးတုန်းက ဆိုရိုးစကားဖြစ်တဲ့ အသက်ကို ဥာဏ်စောင့်ပါတယ်ဆိုတဲ့ စကားလုံးကိုပိုမိုနက်ရှိုင်းစွာ ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။ (ဥစ္စာကို ကံစောင့်သည်)

Wednesday, December 21, 2011

Experience (10)

Experience (10)

ခေတ်တစ်ခေတ်က အကြီးအကျယ်စကားအဆိုတစ်ခုထွက်လာတဲ့ ပြဿနာအကြောင်းတင်ပြလိုပါသည်။ အဲဒါက (အူမတောင့်မှ သိလစောင့်နိုင်တယ်) ဟူ၍ဖြစ်ပါသည်။ စတင်သုံးလိုက်သူ၏စေတနာကို ကျွန်တော် မသိပါ။ ဒါပေမယ့်အဲဒီယူဆမှုကြောင့်လုပ်ငန်းခွင်တွင်လာဘ်ပေးလာဘ်ယူမှုများစွာ  ပေါ်ထွန်းခဲ့သည်ကို ယခုတိုင်ဝမ်းနည်းစွာ တွေ့မြင်ရပါသည်။ ဒီကိစ္စဟာပြည်တွင်းဆက်ဆံရေး သာမက အပြည်ပြည် ဆိုင် ရာ ပေါင်းသင်း ဆက်ဆံရေးကိုပါထိခိုက်နေကြောင်း ထင်ရှားစွာတွေ့မြင် နေရပါသည်။ တစ်ချို့က အဲဒီလို လုပ်တာကို greesing the hands ဆိုတဲ့ဝေါဟာရကို အသုံးပြုကြပါသည်။ ဒီလိုဖြစ်လာတဲ့ ကင်ဆာ ရောဂါကြီး အပြီးပျောက်ပါစေလို့ ကျွန်တော်တို့တိုင်းပြည်အတွက် ဆုတောင်းမိပါသည်။ ကမ္ဘာပေါ် တွင်လူအမျိုးမျိုး တစ်ဦးနှင့် တစ်ဦး ပေါင်းသင်းဆက်ဆံနေထိုင်လှုပ်ရှားနေကြပါသည်။ အဆိုပါလူ အချင်း ချင်း၏ တန်ဖိုးအတိမ်အနက်သည် အဲဒီပုဂ္ဂိုလ်၏ကိုယ်ကျင့်တရား (character) အပေါ်မှာရေရဲ့ အနက်ကို ကြာရိုးကြာစွယ်ဖြင့်သိသကဲ့သို့ သိအပ်ပါသည်။ အဲဒါကြောင့်ရှေးတုန်းက ဆိုရိုးစကားဖြစ်တဲ့ ** အသက်ကို.. ဥာဏ်စောင့်တယ်ဆိုတဲ့ စကားလုံးကိုပိုမိုနက်ရှိုင်းစွာ ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။ (ဥစ္စာကို ကံစောင့်သည်)

Experience (9)

Experience (9)

လောကကြီးမှာ စိတ်ဝင်စားဖွယ်ကောင်းသော နိယာမတစ်ခုတွေ့ရှိရပါသည်။ အဲဒါဘာလဲဆိုရင် ကိုယ်လို ချင် တာလဲရ တစ်ခြားတစ်ဖက်လည်း မပျက်စီးဘဲရှင်သန်လာတဲ့ နိယာမဖြစ်ပါသည်။ ဓမ္မပဒတွင် ပျားပိတုန်း တို့သည် ပန်းမှမိမိလိုချင်သော ၀တ်ရည်ကိုစုပ်ယူစဉ် cross pollination ပန်းပွင့်တွင်ပို၍လှပခြင်းနဲ့ မျိုးရိုး ဗီဇကောင်းလာသော နိယာမဖြစ်ပါသည်။ It is the bee that robs the flower that it fertilizes သဘာဝနိယာမကို ဘယ်သူမှလွန်ဆန်နိုင်ခြင်းမရှိပါ။ အဲဒါကြောင့် ကျွန်တော်တို့တစ်တွေ နေ့စဉ်၊ လစဉ်၊ နှစ်စဉ် ပရိရေသန၀မ်းစာ ရှာမိစဉ်လိုက်နာသင့်သော သဘာဝနိယာမဖြစ်ကြောင်း သိရှိရန် လိုအပ် ပါသည်။ လောကကြီးမှာ တကယ်ကြည့်ရှုခဲ့လျှင် လူတွေဟာမကောင်းတဲ့ ဟိတ်သုံးပါးနဲ့ လုပ်ကိုင် စားသောက်နေတာကို တွေ့ရှိမှာဖြစ်ပါသည်။ကိစ္စတစ်ခု လုပ်ကိုင် ဆောင်ရွက်ရာ မှာ လောဘ နဲ့ စပြီးတော့ နောက်မှမသိလိုက်မသိဘာသာ ဒေါသကပါလာတယ်။ ၀မ်းနည်းဖို့ကောင်းတာက သူတို့ဖြစ်နေ တာကို မောဟကဖုံးထားပါသည်။အဲဒီတော့မတရားအပြိုင်အဆိုင် တွေဖြစ်လာပြီး  နှစ်ဦးနှစ်ဖက်စလုံးမှာ ကောင်းကျိုးချမ်းသာနဲ့ ဝေးလာပါတော့သည်။

Monday, December 19, 2011

Experience (8)

Experience (8)

တစ်ခါတုန်းက မြောက်ဥက္ကလာပဆေးရုံ Clinician teaching session တွင် စာမေးမရတာများလာတော့ နင်တို့တွေငါ့ခုံဖိနပ်စာဖြစ်တော့မှာဘဲဟုကြိမ်းမောင်းခဲ့ပါသည်။ ကျောင်းသူ၊ ကျောင်းသားတွေကမေးပါသည်။

** ဒါဘယ်လိုအဓိပ္မာယ်နဲ့ ဆရာပြောပါသလဲ.. ဟုမေးပါသည်။ ကျွန်တော်စိတ်ထဲမှာ စာမေးလို့မရရင် မိမိကိုယ်တွင်းမှာဖြစ်လာသော ခံစားချက်တစ်ခုဖြစ်ကြောင်းပြောပြီး မိမိရုံးခန်းအတွင်းပြန်လည်ဝင်ရောက်ခဲ့ ပါသည်။ အချိန်အတန်ကြာတဲ့အခါ သူတို့အထဲမှ ကျောင်းသူ၊ ကျောင်းသားတစ်ခုလာပြီး ကျွန်တော့်အား ** 

ဆရာရယ် .. ကျွန်တော်တို့တစ်တွေအားလုံး ခုံဖိနပ်ဖြင့်အရိုက်မခံရသော၊ ဆိုက်ကားမနင်းရသော၊ ဆရာကြီးပေးသမျှအပြစ်ကိုကျောက်တုံးသဖွယ်ခံဖို့ဆုံးဖြတ်ချက်နဲ့လာရောက်တင်ပြခြင်း ဖြစ်ပါတယ်လို့ ပြောပါသည်။ အဲဒီမှာတင် ဤကျောင်းသူ၊ ကျောင်းသားများကို ကျွန်တော်ရဲ့ ညီအစ်ကိုအရင်းအချာကဲ့သို့ လက်ခံဂုဏ်ယူ မိခဲ့ပါသည်။

Experience (7)

Experience (7)

တစ်ခါတုန်းက ကျွန်တော်တို့ မိတ်ဆွေလေးယောက် ကိစ္စတစ်ခုအတွက် တိုင်ပင်ဆွေးနွေးခဲ့ပါသည်။ အဲဒီဆွေးနွေးပွဲတွင်တစ်ဦးနဲ့တစ်ဦးတိုင်ပင်နေသည့် ကိစ္စအတွက်အပြစ်တင်နေကြပါသည်။ အဲဒါကြောင့် သံသရာတော်တော်ရှည်ခဲ့ပါသည်။ စာရေးသူအနေနဲ့ မူတစ်ခုချ၍ဆွေးနွေးခဲ့ပါသည်။ အဲဒီမူကတော့ "အသင် သည်သူတစ်ဦး ဒါမှမဟုတ် ကိစ္စတစ်ခုအပေါ်မှာ မိမိ၏ Feeling ခံစားချက်ပြောဆိုခွင့်ရှိသလို အဲဒီလို ကိစ္စမျိုးတွင် စီရင်ဆုံးဖြတ်ချက်ကိုမူအားဖြင့် လက်မခံရန်" တင်ပြဆွေးနွေးခဲ့ပါသည်။ You can express your feelings but you cannot express your decision ။ ဒီကိစ္စသည် ကျွန်တော်တို့ တစ်ဦးနှင့် တစ်ဦး ပြဿနာဖြေရှင်းရာတွင် လိုက်လံကျင့်သုံးသင့်သော မူတစ်ခုဖြစ်ပါသည်။

Friday, December 16, 2011

Experience (6)

Experience (6)

Honour ဆိုသည့်စကားလုံး၏ အဓိပ္မာယ်ကို လူတော်တော်များများ ဖော်ကျူးလိမ့်မည်ဟု ယူဆရပါသည်။ သမိုင်းအရ ပြန်စဉ်းစားလျှင် တစ်ချို့ကအမျိုးသမီးရဲ့ ဏ္ဍနြေ္ဒ၊ တစ်ချို့ကမိမိရဲ့ပြောဆိုလုပ်ကိုင်သောကတိ၊ တစ်ချို့က အမျိုးရဲ့ဂုဏ်သိက္ခာစသည့်ဖြင့် အဓိပ္မာယ်ဖော်ကျူးပုံများလှပါသည်။ ဒီကိစ္စနှင့် ပတ်သက်လို့ Iris သမိုင်းအရဖြစ်ပျက်ခဲ့ပုံကို တင်ပြလိုပါသည်။ ထိုအစဉ်ကာလ၌ Ireland တွင် သူပုန်များပုန်ကန် ထကြွလျက် ရှိပါသည်။

နိုင်ငံတော်အစိုးရ၏အမိန့်အရ ဦးစီးခေါင်းဆောင်ဖြစ်သော မိသားစုတစ်ခုမှာ ဦးစီးခေါင်းဆောင်(အဖေ)၊ သူပုန်များနှင့်ရင်ဆိုင်ရန် အိမ်မှထွက်ခါနီးအဖေလုပ်သူက မိမိ၏ဇနီး၊ သားကလေးနှစ်ယောက်အား သူမ ထွက်ခွာမှီ defend your honour ဟုပြောပါသည်။ အဲဒီမှာသားတစ်ယောက်က What is honour? ဟုမေး ပါသည်။ အဖေကပြန်ဖြေသည်မှာ It is a worth you give yourself ဟုပြောပြီး စစ်တိုက် ဖို့ထွက် သွားပါသည်။ မကြာမီသူပုန်များက ၄င်းတို့နေအိမ်ကိုတိုက်ခိုက်ပြီးတော့ အမေကို အနိုင်ကျင့်ပြီး သားနှစ်ယောက်ရှေ့မှာ သတ်ခဲ့ပါသည်။ သားကလေးတွေဟာ သူတို့ဟာသူတို့လိုအပ် တဲ့ လေ့ကျင့်မှု များပြုလုပ်ပြီး အဲဒီသူပုန်တွေပုန်းနေသော အုပ်စုထဲဝင်၍ သတ်ဖျက်ခဲ့ပါသည်။ အဲဒီနောက် အမေရဲ့ အုတ်ဂူဆီသွားပြီး သားနှစ်ဦးလုံးက "အမေကျွန်တော်တို့ရဲ့ Honour ကိုထိန်းသိမ်းခဲ့ပါသည်"၊ ဒီနေရာမှာ Honour နဲ့ ကလဲ့စားချေခြင်းကွာဟပုံကို ကောင်းကောင်းကြီးနားလည်၊ သဘောပေါက်မယ်ဟု ယူဆပါသည်။
Honorific Title ဟူ၍ရှိပါသေးသည်။ ဥပမာ။ ။ ဆရာဝန်များသည် M.B.B.S အောင်ပြီးလျှင် တရားဝင် ၄င်းတို့ အား ဒေါက်တာရယ်ဟုမခေါ်နိုင်ပါ။ သို့သော်ပြုစုကုသခြင်းခံနေရသောလူအများက Honorific Title ပေးခြင်း အားဖြင့် ယခင် M.B.B.S အောင်ပြီးသူများကို ဒေါက်တာအဖြစ်သတ်မှတ်လိုက်ပါသည်။

Wednesday, December 14, 2011

Experience (5)

Experience (5)

ကျွန်တော်တို့အနေနဲ့ ပြောလေ့ပြောထရှိတဲ့ စကားပုဒ်လေးတစ်ခုရှိပါသည်။ အဲဒါကတော့ It is always the singer and not the song ဖြစ်ပါသည်။ ကိစ္စအ၀၀မှာ တကယ်ကိုကိုယ်တွေ့ဖြစ်ရပ်များ ပြောပြနိုင်တဲ့သူက တစ်ခြားသူတစ်ဦး ထက် အရေးပါ အရာဝင်ကြောင်း တင်ပြရခြင်းဖြစ်ပါသည်။ပြဿနာတစ်ခုကြောင့် သူတစ်ဦးက တင်ပြနိုင်စွမ်းမရှိရင် ထိုပြဿနာ၌ မိမိတို့အရှုံးကြီး ရှုံးခဲ့ပေသည်။ ဘယ်ကိစ္စမဆို အချိန် အခါအားဖြင့် ဆုံးဖြတ်နိုင်စွမ်းရှိပါသည်။ Time will tell (တရုတ်ယဉ်ကျေးမှု အတက်နဲ့၊ အဆင်း)  ပြင်သစ်တော်လှန်ရေး၊ အမေရိကန်လွတ်လပ်ရေး စစ်ပွဲနဲ့ သမိုင်းများ ဥပမာတစ်ချို့ပဲရှိပါသည်။

Jerusalem အဖို့ ယခုအထိ အဖြေရှာနိုင်ခြင်းမရှိပါ။ သို့သော် ကျွန်တော်တို့အားလုံး ဒီပြဿနာတစ်ချိန် ကျရင် ပြေလည်မယ်ဆိုတာ မြေကြီးလက်ခက်မလွဲ ခံစားမိပါသည်။ အဲဒါကြောင့် ဒီအဖြစ်အပျက်တွေ အားလုံးကြိုသိခဲ့လျှင် ကျွန်တော်တို့တစ်ဦးချင်းရဲ့ memories ဖြစ်လာတာကိုတွေ့ရပါသည်။

Experience (4)

Experience (4)

မိမိ၏အတွေ့အကြုံအရ တင်ပြခြင်းဖြစ်တဲ့ ဝေါဟာရလေးတစ်ခုရှိပါသည်။ အဲဒါကတော့ " ပဲခူးစား " ဝေါဟာရလေး ဖြစ်ပါသည်။ ကျွန်တော်တို့ငယ်ငယ်က ဝေဘူဆရာတော်ကြီး ဆွမ်းဆန်စိမ်းအလှူခံရန် လမ်းထဲကြွပါသည်။ အဲဒီအချိန်မှာ လမ်းလူကြီးများအဖွဲ့ " ဟိုအိမ်ကဆန်အိတ်ရှေ့ထွက်နေတယ်၊ ဒီအိမ်က ဆန်အိတ်နောက်ရောက်နေတယ် " ဟိုရွှေ့၊ ဒီရွှေ့ ရွေ့ခိုင်းပါသည်။ အဲဒီမှာ ကျွန်တော့်မိခင်က ပဲခူးစားတွေ လာနေကြပြီဟု ပြောပါသည်။ အဓိပ္မာယ်ကတော့ ဘယ်လုပ်ငန်းလုပ်လုပ် (အဲဒီပဲခူးစားရဲ့ ပြုပြင်ပြောင်းလဲမှုကို ခံရစမြဲ) နိယာမကို ခံရမြဲဖြစ်ပါသည်။ Champion of the Champion

Tuesday, November 1, 2011

Experience (3)

Experience (3)

ကျွန်တော်ပြန်လည်ပြီး အရင်တုန်းကတပည့်လေးများ ရေးသားခဲ့တဲ့ မှတ်စုတွေအတွက် သူတို့တစ်တွေ ကိုအထူး ကျေးဇူးတင်ပြီး မေတ္တာ ပို့သအပ်ပါတယ်။ Memories are made of this ဆိုတဲ့စကားရှိပါတယ်။ ယခု အဲဒီအတိုင်းဖြစ်လာပါပြီ။ တပည့်လေးတွေကို စာသင်စဉ်က ကျွန်တော်ဖော်ကျူးခဲ့တဲ့ It is always the singer and not the song ဆိုသော မူကို လေးလေးနက်နက် စဉ်းစားခဲ့ပါတယ်။ အဲဒီအချိန်မှာ time will tell ဆိုတဲ့အတိုင်း ယခုကျွန်တော်တို့ကောင်းကောင်း လေ့လာသင်ယူခွင့်ရနေပါပြီ။ ကျွန်တော့်မူ ကတော့ လူတစ်ယောက်ကိစ္စတစ်ခုကို သေသေချာချာပြောဆိုတတ်ခဲ့ရင် အဲဒီပုဂ္ဂိုလ်ဟာဒီကိစ္စ project နဲ့ပတ်သက်၍ပုံဆွဲပြီး ဖော်ကျူးနိုင်စွမ်း ရှိရမယ်။ အဓိပ္ပာယ်ကတော့ကိုယ်သိတာဟာ ကိုယ်ပိုင်ဖြစ်ဖို့စာအုပ် ထဲကအတိုင်းသိရုံနဲ့ မလုံလောက်ဘူးကိုဖော်ကျူးခြင်းဖြစ်ပါတယ်။

Experience (2)

Experience (2)

Cure Sometime, Relief often, Hope always. ကျွန်တော်တို့တစ်တွေ ဆရာဝန်တစ်ယောက်အနေနဲ့ လူမမာတစ်ယောက်ကို မျက်နှာချင်းဆိုင်နေရမှာပါ။ အဲဒီနေရာမှာ ပမာဏအားဖြင့် ကြည့်ရှုခဲ့လျှင် ရောဂါ တစ်ချို့ဟာ (ဥပမာ။ ။ အူအတက်ပေါက်တယ် ခွဲလိုက်တယ်) ရောဂါပျောက်သွားတယ်။ တစ်ခါတစ်လေ လေနာ၊ (ဘေးကျပ်နံကျပ်)ဖြစ်ရင် ဆေးထိုး၊ ဆေးစားသက်သာအောင် ပြုလုပ်လို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မမေ့ရမှာက ဒီလူမမာကြီးအတွက် မျှော် hope ကိုတော့ အမြဲပေးနိုင်ပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More