Wednesday, December 21, 2011

Experience (10)

Experience (10)

ခေတ်တစ်ခေတ်က အကြီးအကျယ်စကားအဆိုတစ်ခုထွက်လာတဲ့ ပြဿနာအကြောင်းတင်ပြလိုပါသည်။ အဲဒါက (အူမတောင့်မှ သိလစောင့်နိုင်တယ်) ဟူ၍ဖြစ်ပါသည်။ စတင်သုံးလိုက်သူ၏စေတနာကို ကျွန်တော် မသိပါ။ ဒါပေမယ့်အဲဒီယူဆမှုကြောင့်လုပ်ငန်းခွင်တွင်လာဘ်ပေးလာဘ်ယူမှုများစွာ  ပေါ်ထွန်းခဲ့သည်ကို ယခုတိုင်ဝမ်းနည်းစွာ တွေ့မြင်ရပါသည်။ ဒီကိစ္စဟာပြည်တွင်းဆက်ဆံရေး သာမက အပြည်ပြည် ဆိုင် ရာ ပေါင်းသင်း ဆက်ဆံရေးကိုပါထိခိုက်နေကြောင်း ထင်ရှားစွာတွေ့မြင် နေရပါသည်။ တစ်ချို့က အဲဒီလို လုပ်တာကို greesing the hands ဆိုတဲ့ဝေါဟာရကို အသုံးပြုကြပါသည်။ ဒီလိုဖြစ်လာတဲ့ ကင်ဆာ ရောဂါကြီး အပြီးပျောက်ပါစေလို့ ကျွန်တော်တို့တိုင်းပြည်အတွက် ဆုတောင်းမိပါသည်။ ကမ္ဘာပေါ် တွင်လူအမျိုးမျိုး တစ်ဦးနှင့် တစ်ဦး ပေါင်းသင်းဆက်ဆံနေထိုင်လှုပ်ရှားနေကြပါသည်။ အဆိုပါလူ အချင်း ချင်း၏ တန်ဖိုးအတိမ်အနက်သည် အဲဒီပုဂ္ဂိုလ်၏ကိုယ်ကျင့်တရား (character) အပေါ်မှာရေရဲ့ အနက်ကို ကြာရိုးကြာစွယ်ဖြင့်သိသကဲ့သို့ သိအပ်ပါသည်။ အဲဒါကြောင့်ရှေးတုန်းက ဆိုရိုးစကားဖြစ်တဲ့ ** အသက်ကို.. ဥာဏ်စောင့်တယ်ဆိုတဲ့ စကားလုံးကိုပိုမိုနက်ရှိုင်းစွာ ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။ (ဥစ္စာကို ကံစောင့်သည်)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More