Wednesday, December 21, 2011

Experience (9)

Experience (9)

လောကကြီးမှာ စိတ်ဝင်စားဖွယ်ကောင်းသော နိယာမတစ်ခုတွေ့ရှိရပါသည်။ အဲဒါဘာလဲဆိုရင် ကိုယ်လို ချင် တာလဲရ တစ်ခြားတစ်ဖက်လည်း မပျက်စီးဘဲရှင်သန်လာတဲ့ နိယာမဖြစ်ပါသည်။ ဓမ္မပဒတွင် ပျားပိတုန်း တို့သည် ပန်းမှမိမိလိုချင်သော ၀တ်ရည်ကိုစုပ်ယူစဉ် cross pollination ပန်းပွင့်တွင်ပို၍လှပခြင်းနဲ့ မျိုးရိုး ဗီဇကောင်းလာသော နိယာမဖြစ်ပါသည်။ It is the bee that robs the flower that it fertilizes သဘာဝနိယာမကို ဘယ်သူမှလွန်ဆန်နိုင်ခြင်းမရှိပါ။ အဲဒါကြောင့် ကျွန်တော်တို့တစ်တွေ နေ့စဉ်၊ လစဉ်၊ နှစ်စဉ် ပရိရေသန၀မ်းစာ ရှာမိစဉ်လိုက်နာသင့်သော သဘာဝနိယာမဖြစ်ကြောင်း သိရှိရန် လိုအပ် ပါသည်။ လောကကြီးမှာ တကယ်ကြည့်ရှုခဲ့လျှင် လူတွေဟာမကောင်းတဲ့ ဟိတ်သုံးပါးနဲ့ လုပ်ကိုင် စားသောက်နေတာကို တွေ့ရှိမှာဖြစ်ပါသည်။ကိစ္စတစ်ခု လုပ်ကိုင် ဆောင်ရွက်ရာ မှာ လောဘ နဲ့ စပြီးတော့ နောက်မှမသိလိုက်မသိဘာသာ ဒေါသကပါလာတယ်။ ၀မ်းနည်းဖို့ကောင်းတာက သူတို့ဖြစ်နေ တာကို မောဟကဖုံးထားပါသည်။အဲဒီတော့မတရားအပြိုင်အဆိုင် တွေဖြစ်လာပြီး  နှစ်ဦးနှစ်ဖက်စလုံးမှာ ကောင်းကျိုးချမ်းသာနဲ့ ဝေးလာပါတော့သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More