Personal (1)

အဲဒီနေ့တွင်မီးဝိုင်းကြီးက ကျွန်တော်လက်ယာဘက်ကို သွားနေတာတွေ့တယ်။ အဲဒီနောက်ကို ကျွန်တော်က လိုက်ပြီးငါ့အမေသူ့သားလေးယောက်ကိုလာခေါ်နေပြီဆိုပြီး ကျွန်တော်ကလိုက်ခဲ့ ပါသည်။

Education

ကျွန်တော်တို့ အရင်က Medical ကျောင်းသားများစာသင်ပေးစဉ်က နိယာမအားဖြင့်လူဟာလေးမျိုးသာ ရှိတယ်။

Experience (1)-(2)

ကျွန်တော်တို့တစ်တွေ ဆရာဝန်တစ်ယောက်အနေနဲ့ လူမမာတစ်ယောက်ကို မျက်နှာချင်းဆိုင်နေရမှာပါ။ အဲဒီနေရာမှာ ပမာဏအားဖြင့် ကြည့်ရှုခဲ့လျှင် ရောဂါ တစ်ချို့ဟာ (ဥပမာ။ ။ အူအတက်ပေါက်တယ် ခွဲလိုက်တယ်) ရောဂါပျောက်သွားတယ်။

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

၂ဝ၁၂ ခုနှစ် အတွက် နှစ်သစ်ဆုမွန်တောင်း

ချစ်ခင်ရပါသော သူငယ်ချင်းများ၊ မိတ်ဆွေများ၊ အလည်လာ စာလာဖတ်ကြသူများ ၊ ရောက်လာကြသူများ အားလုံး မင်္ဂလာရှိတဲ့ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါရစေ…

Wednesday, January 18, 2012

Modifying

Site အား ခတ္တခဏ ရပ်နားထားပါသည်။



လာရောက်လည်ပတ်ကြည့်ရှု့သူများအားလုံးကို ကျေးဇူးတင်ပါသည်။

ကိုထွန်း

Friday, January 13, 2012

Experience (11)

Experience (11)

A thing of beauty is a joy for ever it never diminishes and it goes on forever, 

John Ruskin 
Beauty လှပခြင်းအကြောင်းကို လေးလေးနက်နက်စဉ်းစားခဲ့လျှင် လှပသောမိန်းကလေး၊ ပဲရစ်တွင်ရှိသော Mona Lesae ၊ ဝါရှင်တန်နှင့်ဂျပန်တို့တွင် တစ်ပြိုင်နက်ပွင့်သောချယ်ရီပန်းပွင့်ပွဲ၊ ပြိုင်မြင်း တစ်ကောင်   ပြေးနေတာ မြင်ရတဲ့အခါ၊ မိမိကိုယ်ပိုင် အိမ်တွင်မွေးထားသော တိရစ္ဆာန်တို့ ကို ပြုပြင်ပြောင်းလဲ သင်ထားခြင်း၊ နေဝင်၊နေထွက် ရှုခင်းကို ပင်လယ်ပြင်ပေါ်၌ရှုမြင်ရခြင်း။ လပြည့်နေ့လကြီး လဝန်း အပြည့်ထွက်လာသည်ကို မြင်ရခြင်း။ စသည်ဖြင့် မိမိကြည့်တတ်ခြင်း အပေါ်မူတည်ပြီး ကျွန်တော်တို့ ဝန်းကျင်၌ beauty အမြဲတမ်းလှပနေပါသည်။ ဝမ်းနည်းဖို့ကောင်းသည်မှာ တစ်ချို့လူတွေ ၏ လောကကြီးရဲ့တောက်ပခြင်းကို မခံစားနိုင်တဲ့အခြေအနေရောက်ပြီး နောက်ဆုံးပိတ်တွင် မိမိအသက် ကိုမိမိ အဆုံးသတ်သွားကြသည်များကို တွေ့ရတဲ့အခါလွန်စွာ ဝမ်းနည်းမိပါသည်။

Wednesday, January 11, 2012

Experience (10)

Experience (10)

ခေတ်တစ်ခေတ်က အကြီးအကျယ် စကားအဆိုတစ်ခုထွက်လာတဲ့ ပြဿနာအကြောင်း တင်ပြလိုပါသည်။ အဲဒါက (အူမတောင့်မှသီလစောင့်နိုင်တယ်) ဟူ၍ဖြစ်ပါသည်။ စတင်သုံးလိုက်သူ၏ စေတနာကို ကျွန်တော် မသိပါ၊ ဒါပေမဲ့ အဲဒီယူဆမှု ကြောင့် လုပ်ငန်းခွင်များတွင် လာဘ်ပေးလာဘ်ယူမှုများစွာ ပေါ်ထွန်းခဲ့သည်ကို ယခုတိုင်ဝမ်းနည်းစွာ တွေ့မြင်ရပါသည်။ ဒီကိစ္စဟာပြည်တွင်းဆက်ဆံရေးသာမက အပြည်ပြည်ပေါင်းသင်း ဆက်ဆံရေးကိုပါ ထိခိုက်နေကြောင်း ထင်ရှားစွာ တွေ့မြင်နေရ ပါသည်။ တစ်ချို့တွေက အဲဒီလိုလုပ် တာကို greeting the hands ဆိုတဲ့ဝေါဟာရကို အသုံးပြုကြပါသည်။ ဒီလိုဖြစ်လာတဲ့ ကင်ဆာရောဂါကြီး အပြီးပပျောက်ပါစေလို့ ကျွန်တော်တို့ တိုင်းပြည်အတွက် ဆုတောင်းမိပါသည်။

ကမ္ဘာပေါ်တွင်လူအမျိုးမျိုး တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံ နေထိုင်လှုပ်ရှားနေကြပါသည်။ အဆိုပါ လူအချင်းချင်း၏တန်ဖိုးအတိမ်အနက်သည်အဲဒီပုဂ္ဂိုလ်၏ကိုယ်ကျင့်တရား(character)အပေါ်မှာ ရေရဲ့
အနက်ကို ကြာရိုးကြာစွယ်ဖြင့် သိသကဲ့သို့ သိအပ်ပါသည်။ အဲဒါကြောင့်ရှေးတုန်းက ဆိုရိုးစကားဖြစ်တဲ့ အသက်ကို ဥာဏ်စောင့်ပါတယ်ဆိုတဲ့ စကားလုံးကိုပိုမိုနက်ရှိုင်းစွာ ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။ (ဥစ္စာကို ကံစောင့်သည်)

Friday, January 6, 2012

Education (8)

Education (8)

Danial Webster  တစ်ခါက ကျောက်တုံးကျောက်ခဲ၊ ဒါမှမဟုတ် ကြေးများအပေါ်တွင် စာပေများရေးထား ခဲ့လျှင် အချိန်ကြာရင် ပျောက်ကွယ်သွားမှာဖြစ်ပါသည်။ အဲဒီကျောက်တုံး၊ ကြေးတုံးတို့ကိုသုံးပြီး ဘုရားရှိး ခိုးကျောင်းများ ဆောက်ရင်လည်း အချိန်ကြာလာရင် ဒါတွေဟာ ပျောက်ကွယ်ပျက်စီးသွားမှာဖြစ်ပါသည်။ ဒါပေမဲ့လူတစ်ဦးရဲ့ မပျက်စီးနိုင်သော စိတ်ဓာတ်အပေါ်ကို မူအားဖြင့် မိမိ၏ပြိုင်သူဖြစ်သော တစ်ခြား သူများ ကို ချစ်ခင်အောင်နှင့် မှန်ကန်သော တရားကို လက်ခံကျင့်သုံးသော ဘုရားတို့ရဲ့မူကို ဒီလူတွေရဲ့ စိတ်ဓာတ် အပေါ် ဖော်ကျူးနိုင်ခဲ့လျှင် အဲဒီမူဟာဘယ်တော့မှ ပျက်စီးပြောင်းလဲသွားမှာမဟုတ်တော့ပါ။ M.B.B.S အောင်ပြီးလူတွေက အဆိုပါဆရာဝန်ကို Honourific title  အဖြစ်ဒေါက်တာ ဟု ခေါ်ဆို ယူဆ လိုက်ခြင်း အားဖြင့် ဒေါက်တာတစ်ဦးဖြစ် သွားပါသည်။ သို့သော် doctor as an education person ဖြစ်ရန် အများကြီး လိုသေးကြောင်း သဘောပေါက်နားလည်ဖို့လိုပါသည်။ တစ်နည်းအားဖြင့်ပြောရင် ဆရာဝန်တစ်ဦး သူတစ်သက်တာ မှာတွေ့ကြုံရမဲ့ ပြသနာအမျိုးမျိုးကို နိုင်နင်းစွာ ဖြေရှင်းနိုင်စွမ်းအသိပညာ၊ အတတ်ပညာ ရှိသင့်ပါသည်။ ထိုအသိပညာ၊ အတတ်ပညာသည် အလျားဘယ်လောက်ရှည်ကြောင်း၊ အနံဘယ်လောက် ရှည်ကြောင်း၊ ထုထည်ဘယ်လောက်ရှည်ကြောင်း မည်သူမှ တွက်ချက်ပေးနိုင်စွမ်းမရှိပါ။ တကယ်စဉ်းစား ကြည့်လျှင် ထိုအသိÓဏ်သည် မိမိ၏ လုပ်သက်အပေါ်မူတည်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဆရာဝန် တစ်ဦး သိသင့်သိထိုက်၊ ပိုင်သင့်ပိုင်ထိုက်သော အသိပညာ၊ အတတ်ပညာသည် ၄င်း၏ လုပ်သက် အပေါ်မှာ လုံးဝမူတည်နေပါသည်။ ဥပမာပြောရလျှင် မိမိနေထိုင်တဲ့နေရာမှာ ဆေးဝါး ကုသခြင်းနဲ့လုပ်ရာမှာ အဲဒီ အပြင် အဲဒီလူဟာ ရပ်ကွက်အတွင်းတွင်ပြဿနာဖြစ်လျှင် လူအများက သူ့အပေါ် ကို ခေါင်းဆောင် တစ်ဦး အနေနဲ့ ရှု့မြင်လာပါသည်။ အဲဒါကြောင့် William Osler; the Father of Medicine က ဆရာဝန် တစ်ဦး သည်သူ့တစ်သက်တာမှာ ကျောင်းသားဖြစ်သည်ဟု ဆိုခဲ့ပါသည်။လုပ်ကိုင်လှုပ်ရှားမှုသည် အသက်ဖြစ် သည်။ 

ဒါကြောင့်ကျွန်တော်တို့ဆရာဝန်တွေ လုပ်ကိုင်လှုပ်ရှားမှုတွေ ရပ်လိုက်တာ နဲ့ သေနေပြီဟုသတ်မှတ် လိုက်ပါ သည်။အဲဒါကြောင့်ကျွန်တော်တို့ ဆရာဝန်ဟာမိမိရဲ့ အလုပ်ကိုလုပ်ကိုင်လှုပ်ရှားနေရင်း၎င်းဟာ ကျောင်းသား တစ်ယောက်အဖြစ် နားလည်သဘောပေါက်ဖို့ကောင်းပါသည်။ ဒီကိစ္စ မှာ ကျောက် စရစ် အတုံးကြီးကို ရုပ်ထုဖြစ်အောင် လုပ်သလိုပညာသင်ယူခြင်းသည် လူ့ရဲ့နှလုံးသားကို အကောင် အထည်ဖော်ပေးပါသည် (Addison)/ ကျွန်တော် တို့ကိုပညာသင်ယူတဲ့နေရာမှာ ဘယ်လို စဉ်းစား ရလဲ၊ ဘယ်လို ဆုံးဖြတ်ရမလဲကို ဦးတည်ပြီး သင်ထိုက်ပါသည်။ ပညာသင်ယူခြင်းရဲ့အဆုံးဟာ စည်းကမ်းရှိ လာခြင်းဖြစ်ပြီး မိမိဦးနှောက်ကို အင်အားအပြည့်ဖြင့် သုံးနိုင်ခြင်းဖြစ်ပြီး၊ သူများတွေ ပြောထားသော သူများတွေ လုပ်ထားသော အချက် အလက်တွေကို တစ်ခုတည်း စုစည်းပြောထားခြင်းမဟုတ်ပါ (TWETRS)/
ဆရာဝန်တစ်ဦးရဲ့ ပညာသင်ကြားပုံကို တစ်နည်းအားဖြင့် အမျိုးအစားသုံးမျိုးဖြစ်ကြောင်းတွေ့ရပါသည်။
၁။ သိပ္ပံနည်းကျ ဖွံ့ဖြိုးခြင်း။
၂။ အနုပညာအရ ဖွံ့ဖြိုးခြင်း။
၃။ အတွေးအခေါ်မူများဖြင့် ဖွံဖြိုးခြင်း ဖြစ်ပါသည်။ စိတ်ဝင်စားဖို့ကောင်းသည်မှာ တစ်ချို့ဆရာဝန်များ သည်၊ နိုင်ငံရေးသမား၊ စီပွားရေးသမား၊ ဘဏ်အလုပ်သမား၊ အင်ဂျင်နိယာ ဖြစ်သွားကြ သည် ကို တွေ့ရပါသည်။ အဆိုပါ ဆရာဝန်များသည် သူတို့ ဆောင်ရွက်သင့်သော ကိစ္စရပ်များနှင့်ပြောင်းပြန် အလုပ်များပြုလုပ်နေတာကိုတွေ့ရပါသည်။ အရှေ့အလယ်ပိုင်းဒေသနှင့် ဘောလ်ကန် ဒေသများတွင် လူတွေကိုအစုလိုက်သုတ်သင်နေတဲ့ ဆရာဝန်တွေကိုတွေ့ရပြီး အံဩမိပါသည်။ ထိုနည်းတူစွာဘဲ ဒေါက်တာ Albert Switzerဟာ ပြင်သစ်အုပ်ချုပ်တဲ့အာဖရိကနိုင်ငံတွင် အသက်(၃၁) M.B.B.S  ဆရာဝန်အဖြစ် ကြိုးစား အားထုတ်ခဲ့ပြီး သူ့ရဲ့ယူဆချက် philosophy of civilisation 1923  ကို စာတန်းတင်ခဲ့ပါသည်။ ဒီကိစ္စအတွက် ၁၉၅၂ ခုနှစ်တွင် Nobel Peace Prize ဆက်သခြင်း ခံခဲ့ရပါသည်။ တကယ်အားလုံး စာရင်းစစ်ရရင် "မိမိကိုယ်မိမိလိုအပ်တဲ့ပညာ ပြည့်စုံတဲ့ဆရာဝန်လား"ဆိုတဲ့ မေးခွန်းကို အဖြေရှာ ကြည့်ရုံပါဘဲ။ တကယ်လို တာက ကိုယ်ကိုကိုယ်ကောင်းသတဲ့ကောင်းအောင် အလုပ်ကိုကြိုးစားလုပ်၊ လိုအပ်တဲ့အသိပညာ၊ အတတ် ပညာစုဆောင်း၊ ဖြတ်ထိုးÓဏ်ကောင်းကောင်းရရှိလာအောင် ကြိုးစားရ မည်ဖြစ်ပါသည်။

Thursday, January 5, 2012

Youthful Ageing

Personal (6) Youthful Ageing

ဤခေါင်းကြီးပိုင်းသည် အသက်ကြီးသူနှင့် အသက်ငယ်သူဆိုရိုးပါ၍ အတော်ဂွကျပါသည်။ Youthful ကိုဘ၀ရဲ့ အကောင်းဆုံး၊ အစိုပြည်ဆုံးအချိန်ဟု သတ်မှတ်သည့်အခါ ထိုသူသည်အင်အားအပြည့်ဘ၀၌ ဘ၀အကြောင်းကိုသင်ယူနိုင်သည့် အခြေအနေရှိကြောင်းသိရပါသည်။


သူနဲ့ပြောင်းပြန်ကြည့်လိုက်တော့ Ageing သည် အသက်ကြီးသောသူ၏အခြေအနေကဘ၀မှအခြောက်သွေ့ ဆုံး ဆံပင်ဖြူအရေပြားတွေခြောက်၊ ကိုယ်ကရှုံ့တွနေပြီး အခြေအနေကိုဆိုလိုခြင်းဖြစ်ပါသည်။ ဒီအခြေ အနေနှစ်ခုရဲ့အကျိုးအကြောင်းပြန်လည်တွေးတောတဲ့အခါလူတွေကိုကလေးအဖြစ်မွေး၊ နောက်ကျတော့
လေးဘက်သွား၊ နောက်ကျတော့ နှစ်ဖက်သွား၊ နောက်ကျတော့ အသက်ကြီးလာရင်ကြီးလာသလို အသက် ၇၀၊ ၈၀၊ ၁၀၀ အဖြစ်သတ်မှတ်ကြပါသည်။ သို့သော် youth လူငယ်များအဖြစ် သတ်မှတ်ရာ တွင် လေးဖက် သွားနှင့် မတ်တပ်ရပ်အသက်ကြီးသော သူတို့၏အသက်ကြားထဲကို သတ်မှတ်ကြတာများပါသည်။

ဤကဲ့သို့ဆိုရင် ယခု Youthful Ageing အချိန်သည် သူတို့၏စိတ်၊ ဘ၀၏ခံစားမှုအပေါ်မှာမူတည် 
နေကြောင်း ထင်ရှားပါသည်။ တစ်ဖက်ကအသက်ကြီးပြီး ရောဂါတွေထူလာသလို၊ အသက်ကြီး လာတာနဲ့ ရောဂါဖြစ်သည့်ဆိုသည့်ခံယူချက်ကို လက်ခံလို့မရပါ။ ရောဂါမှာတစ်ချို့လူငယ်များ အသက် ငယ်ငယ်နှင့် အရွယ်အိုများကဲ့သို့ဖြစ်သွားပြီး၊ တစ်ချို့မှာ အသက်ကြီးပေမယ့်လူငယ်လေးကဲ့သို့ဖြစ် သွားကြောင်း စိတ်ပါဝင်စားစွာတွေ့မြင်ရပါသည်။

အဲဒါကြောင့် ကျွန်တော်တို့အားလုံးသည် အသက်ကြီးလာသော်လည်း youthful ငယ်ရွယ်သူအဖြစ်နေထိုင် စားသောက်နိုင်ရန် စောစောကစီမံဆောင်ရွက်ထားသင့်ပါသည်။ Ciscero သည် လူငယ်စိတ်ထားနှင့်
အသက်ကြီးသူ (အဲဒါရဲ့ပြောင်းပြန်) အသက်ကြီးသူမှာ လူငယ်စိတ်ထား အဲဒီလိုနှစ်ဖက်မျှနေသူမှာ ဘ၀ရဲ့ပျော်ရွှင်မှု၊ ဘ၀ရဲ့အောင်နိုင်မှုကို ရရှိသွားမှာဖြစ်ပါသည်။ နောက်တွင် ထည့်သွင်းလိုက်သော စာတန်းကို Samuel Ullman ရေးသားခဲ့ပါသည်။ အဆိုပါစာတန်းဖတ်ကြည့်လျှင် ဒီစာရေးဆရာ၏ Youthful
Ageing အဓိပ္မာယ်ကိုပေါ်အောင် သဘောပေါက်နားလည်လိမ့်မည်ဟု စာရေးသူက မျှော်လင့်ပါသည်။

Youth ဟာ အသက်ကြီးတာငယ်တာအပေါ်မှာ ဘာမှမပက်သက်ဘဲ စိတ်နေစိတ်ထားအပေါ်မှာ ပတ်သက်တာ ထင်ရှားပါသည်။ အဲဒီကလေးများချီသော rosy cheeks, red lips and supple knees အဲဒါတွေမဟုတ်ဘူး။ ဘာလည်းဆိုတော့ စိတ်အနေနဲ့ ခံစားနိုင်တဲ့ ဟိုဘ၀လေးအတွင်းမှာရှိနေတဲ့ "စမ်းရေ" ဖြစ်တာကိုဆိုလိုသည်။ Youth ဆိုတာဟာ ခံစားမှုအပြည့်နဲ့ရှိတဲ့သတိ၊ ကြောက်ခြင်းမဟုတ်၊ ဘယ်ကိစ္စလုပ်လုပ် ထမြောက်အောင်မြင်ချင်တဲ့စိတ် ဒါတွေအားလုံးဟာ အသက်အားဖြင့် (၆၀) ရှိတဲ့သူ အတွင်းမှာ အသက်(၂၀)ရှိတဲ့ ကလေးထက်ပိုများတာကို တွေ့ရတယ်။

အဓိပ္မာယ်အားဖြင့်ပြန်ကြည့်သော် ကျွန်တော်တို့တစ်တွေ အသက်အိုသွားတဲ့ကိစ္စဟာ ကျွန်တော်တို့ကိုယ် အတွင်းမှာရှိတဲ့စမ်းရေပပျောက်သွားတယ်ဟုဆိုလိုပါသည်။ ကြောက်နေတတ်တာ နှစ်ပေါင်းပရိဇေတစိတ်ကို ကြည့်လိုက်လျှင် ကိုယ့်ကိုကိုယ်မယုံကြည်တော့တာ စိတ်ဓာတ်ကျစေတယ်။ အဲဒီတော့ အသက်(၆၀) ဘဲဖြစ်ဖြစ်၊ (၁၆)နှစ်ဘဲဖြစ်ဖြစ် လူတကာရဲ့ နှလုံးထဲမှာကမ္ဘာကပို့နေတဲ့ "စမ်းရေ" မှထွက်လာသော သတင်းတွေကိုဖမ်းယူနိုင်တဲ့ "အင်တာနာ"ထောင်ထားပြီး လာနေတဲ့သတင်းအချက်အလက်အစုံကို ဖမ်းယူ ခံစားနိုင်ခြင်းဖြစ်ပါသည်။
ထိုအင်တာနာကို မိမိဟာမိမိရုတ်သိမ်းလိုက်ပြီဆိုရင် အသက် ၆၀ပဲဖြစ်ဖြစ်၊ အသက်(၂၀)ပဲဖြစ်ဖြစ် အဲဒီပုဂ္ဂိုလ်ဟာခံစားမှုမရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်သွားကြောင်း ရေးသားခဲ့ပါသည်။

Personal (5)

Personal (5)

ကျွန်တော်အနေနဲ့စဉ်းစား၍အဖြေရှာရခက်လေဖြစ်နေပါသည်။အခုခေတ်အခုကာလ ဆေးပညာသိပ္ပံမှာ ဘဲဖြစ်ဖြစ်၊ အင်ဂျင်နီယာတွေဘဲဖြစ်ဖြစ် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရင်း ဘဲဖြစ်ဖြစ် လေ့ကျင့်မှုနဲ့ပတ်သက်၍ တိုးတက်ရင်းဘဲဖြစ်ဖြစ်၊ သူ့ကဏ္ဍနှင့်သူတီထွင်မှုအသစ်၊ လုပ်ကိုင်ဆောင်ရွက်မှုအသစ် ထွင်လာကြသည် ကိုတွေ့မြင်ရပါသည်။ အင်ဂျင်နီယာတွေမှာ ဆိုရင် အဆောက်အအုံများ လျပ်စစ်ဓာတ်နှင့်ရေသုံး ဓာတ်နည်း သွားတာကို တွေ့ရပါသည်။ ဆက်သွယ်ရေးပိုင်းမှာဆိုရင် ကမ္ဘာကြီးမှာ ရွာကလေးလိုဖြစ်သွားပါသည်။ ဒီနေရာမှာ ဖြစ်ပျက်မှု ကြည့်တဲ့သူဆိုရင် နောက်တစ်နေရာမှာချက်ခြင်းသိနိုင်ပါသည်။ ကျွန်တော်တို့ တစ်တွေမိမိရဲ့ကမ္ဘာမက တစ်ခြားကမ္ဘာတွေမှာ နေထိုင်နိုင်အောင် တစ်ခြားကမ္ဘာတွေမှာထွက်တဲ့ သဘာဝ ပစ္စည်းများ (resource) ကို လိုက်လံရှာဖွေနေတဲ့အချိန်ဖြစ်နေပါသည်။ စာရင်းပညာသိပ္ပံ ရှုထောင့် အရ တိုးတက်မှုတွေဟာ မယုံနိုင်အောင်ဖြစ်ရပါသည်။ Humane genome project အကြောင်း၊ Genetic ဆေးများ၏ biochemical structures ပြောင်းလဲပြီး chemotherapy လုပ်လို့ရပါပြီ။ လူ့ရဲ့ ဟိုမုန်း များကိုပြုပြင်ပြောင်းလဲနိုင်လာသလို လူ၏ခန္ဓာကိုယ်အပြင်တွင် ကလေးကို ဖန်းတီးနိုင်လာသည်။ အက်ထရာစောင်း CT scan ပေါ်ထွန်းလာသဖြင့် ရောဂါရှာဖွေတဲ့နေရာနှင့် ရောဂါကုသတဲ့နေရာမှာ အများကြီး အထာက်အကူရခဲ့ပါသည်။ တစ်နည်း အားဖြင့် ဟိုဒုတိယကမ္ဘာစစ်အပြီး အနုမြူကိုစမ်းသပ် ခွဲစိတ် ခဲ့နိုင်သည့်အချိန်ကဲ့သို့ အချိန်ဖြစ်နေကြောင်း လက်တွေ့ သိရှိနေပါသည်။ ဒါပေမဲ့ ယခုခေတ်လောလော ဆယ် တွေ့ရှိနေရသောပြသနာများမှာ ကမ္ဘာရာသီဥတုများ ပြောင်းလဲခြင်း၊ ကမ္ဘာပေါ်တွင်ဓာတ်ငွေ့ များဖြင့် အုပ်ထား၍ ပူနွေးလာခြင်း၊ တိုင်းပြည်တိုင်းတွင် အန္တရာယ်ဖြစ်စေ သည့်အခြေအနေများ၊ ပင်လယ်ပေါ်တွင် ဆီဖိတ်စင်ခြင်း၊ သစ်ပင်သစ်တောများဖြုန်းတီးခြင်း၊ အစာရေစာငတ်ခြင်း၊ သောင်းကျန်းသူများထခြင်း အစရှိသည့်ခေတ်သစ်ပြသနာများ ရင်ဆိုင်နေရ ပါသည်။ တစ်နည်းအားဖြင့် ကြည့်တတ်လျှင် တိုး တက်ပြီးသောနိုင်ငံကြီးများအနေနဲ့၊ ၄င်းရဲ့တိုးတက်မှုအတွက် အရေးကြီးသော energey လိုအပ်ချက် များအတွက်လူတို့ရဲ့အလွန်နူးညံ့တဲ့ခံယူချက်များကိုဖျက်ဆီးလျက် လောဘ၊ ဒေါသ၊ မောဟတို့၏ ကျော့ကွင်းထဲတွင်
ရောက်ရှိသွားကြ ပါသည်။ ယခုအခါ လူနာ၏ကိုယ်အတွင်း endoscopy ဖြင့် ကြည့်မရသည့်နေရာ မရှိတော့ပါ။ အဲဒီရဲ့ဆိုးကျိုးဟာ ဆရာဝန် တော်တော်များများလူမမာကို ကိုယ်ထိလက်ရောက်စမ်းသပ်ခြင်း မရှိတော့ဘဲနှင့် သွေးစစ်တာ၊ ဆီးစစ်တာ စာရွက်စာတမ်း အပေါ်မူတည်ပြီး လူမမာတွေကုသ လာတာတွေကို ဝမ်းနည်းစွာ သတိထားမိပါသည်။ ဟိုအချိန်အခါက စာရေးသူ ကုတင်ဘေးနှင့်ခွဲစိတ်ခန်းများ၌ ဆရာကြီးများပြောခဲ့သည့်၊ (၁၀)ချက်ခန့်ကို တင်ပြအပ်ပါသည်။ ဤကဲ့သို့ပညာသင်နည်းမျိုးကို လူမမာ၏အိပ်ရာဘေး၊ ဒါမှမဟုတ်ခွဲ စိတ်ကုသခန်း၊ ဆရာကြီးများကိုယ်တိုင် ပြောဆိုဆုံးမတာကအစ ပညာရနိုင်ပါသည်။


(မှတ်ချက်။ ။ CD, DVD နဲ့သင်ကြားရာ မဖြစ်နိုင်ကြောင်း ထင်ရှားပါသည်)။ အဲဒီဆေးကျောင်းမှ ဆရာကြီးများ ပြောသွားသည့် အချက်ကလေး (၁၀)ခု တင်ပြလိုပါသည်။

(၁။ လူမမာများဟာ ပညာသင်ရင်ကောင်းဆုံး ဓာတ်ခွဲခန်းများဖြစ်ကြပါသည်။)

(၂။ ဆရာဝန်တစ်ဦးသည် သူဆရာဝန်ဖြစ်တာကအစ သေသွားသည့်တိုင်အောင် သူကိုယ်သူကျောင်း သားအဖြစ် သတ်မှတ်ရပါမည်။)

(၃။ လူမမာမပါဘဲစာသင်ရင် ပင်လယ်ပြင်အပေါ်မှာ တက်မပါတဲ့လှေနဲ့လှော်တာအတူတူဘဲ။)

(၄။ ကျောက်ခဲသေးသေးလေးတွေက ခွေးငယ်ငယ်ကလေးတွေလိုဘဲ အသံအမြည်ဆုံးဘဲ။)

(၅။ လူမမာရဲ့ဖင်ထဲကို လက်ညိုးထိုးဖို့မေ့သွားရင် သူများကမင်းဖင်ကောင်းထဲကို လက်ညိုးထိုးလိမ့်မည်။)

(၆။ ကလေးကိုစမ်းသပ်တဲ့အခါ ပါးစပ်၊ နှာခေါင်း၊ နား၊ လည်ပင်းကိုမစမ်းသပ်ရင် ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပါသည်။)

(၇။ မျက်စိသည်ပထမ၊ လက်ကနောက်မှ ပါးစပ်ပေါက်ကိုပိတ်ထားပါ။)

(၈။ နင်နားထောင်းရင်ကြားအောင်နားထောင်၊ နင်ကြည့်လျှင်မြင်အောင်ကြည့်၊ နင်လက်နဲ့စမ်းရင် ထိအောင်စမ်း။)

(၉။ မင်းမှတ်ထားတစ်ခါတစ်လေရောဂါကုရင် တစ်ခါတစ်လေရောဂါသက်သာအောင် လုပ်ပေးနိုင်သည်။ ဒါပေသိ မျှော်လင့်ချက် အမြဲတမ်းပေးနိုင်ရမည်။)

(၁၀။ လူမမာပြုစုကုသတဲ့နေရာမှာ လူမမာကိုပြုစုကုသပါ။ ဓာတ်မှန်တို့၊ သွေးစစ်တဲ့နေရာက ရတဲ့ စာရွက်တို့နှင့် မကုသပါနှင့်။ ဒီလိုအဖိုးတန်တဲ့စကားစုတွေ ကျောင်းသားနဲ့ဆရာကြီးနဲ့ လူမမာရဲ့အိပ်ရာဘေး၊ ခွဲစိတ်ကုသတဲ့အခန်းများ ဒါမှကြားရမည်၊ သိရမည်ဖြစ်ပါသည်။)

စာရေးသူလက်ထက်က ဆရာဝန်တစ်ဦးဖြစ်ရန် (၇)နှစ် ကြာခဲ့ပါသည်။ ယခု(၆)နှစ် ဖြစ်နေပါသည်။ အဲဒါကြောင့် ကျွန်တော်တို့တစ်တွေ အခြေခံကြတဲ့သင်ပုံသင်နည်း၊ အဲဒီအပေါ်မှာမှ ကောင်းသတဲ့ကောင်းအောင် ဖန်းတီးနိုင်စွမ်းရှိသော ခူငညငခေူာနအ့သျိ များလိုက်လံရှာဖွေဖို့ အရေးကြီးပါသည်။ ဒီအတိုင်းပစ်ထားလို့မရပါ။ ကျွန်တော်ကြားဖူးတဲ့ သီးချင်းလေးနဲ့

နိဂုံးချုပ်ပါရစေ...

* ပန်းတွေဘယ်ကို ရောက်ကုန်သလဲ
   လုံးဝမပွင့် အချိန်ကြာလှပြီ
   ငှက်အပြာတွေအကုန် ဘယ်ရောက်ကုန်ပြီလဲ.......
   အချိန်အပေါ်မှာ ကြာလှပြီ
  သူတို့ဘယ်တော့ သိလာမှာလဲ......
  အချိန်အပေါ်မှာကြာလှပြီ ..*

Twitter Delicious Facebook Digg Stumbleupon Favorites More