Personal (1)

အဲဒီနေ့တွင်မီးဝိုင်းကြီးက ကျွန်တော်လက်ယာဘက်ကို သွားနေတာတွေ့တယ်။ အဲဒီနောက်ကို ကျွန်တော်က လိုက်ပြီးငါ့အမေသူ့သားလေးယောက်ကိုလာခေါ်နေပြီဆိုပြီး ကျွန်တော်ကလိုက်ခဲ့ ပါသည်။

Education

ကျွန်တော်တို့ အရင်က Medical ကျောင်းသားများစာသင်ပေးစဉ်က နိယာမအားဖြင့်လူဟာလေးမျိုးသာ ရှိတယ်။

Experience (1)-(2)

ကျွန်တော်တို့တစ်တွေ ဆရာဝန်တစ်ယောက်အနေနဲ့ လူမမာတစ်ယောက်ကို မျက်နှာချင်းဆိုင်နေရမှာပါ။ အဲဒီနေရာမှာ ပမာဏအားဖြင့် ကြည့်ရှုခဲ့လျှင် ရောဂါ တစ်ချို့ဟာ (ဥပမာ။ ။ အူအတက်ပေါက်တယ် ခွဲလိုက်တယ်) ရောဂါပျောက်သွားတယ်။

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

၂ဝ၁၂ ခုနှစ် အတွက် နှစ်သစ်ဆုမွန်တောင်း

ချစ်ခင်ရပါသော သူငယ်ချင်းများ၊ မိတ်ဆွေများ၊ အလည်လာ စာလာဖတ်ကြသူများ ၊ ရောက်လာကြသူများ အားလုံး မင်္ဂလာရှိတဲ့ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါရစေ…

Saturday, December 31, 2011

၂ဝ၁၂ ခုနှစ် အတွက် နှစ်သစ်ဆုမွန်တောင်း

၂ဝ၁၂ ခုနှစ် အတွက် နှစ်သစ်ဆုမွန်တောင်း


ချစ်ခင်ရပါသော သူငယ်ချင်းများ၊ မိတ်ဆွေများ၊ အလည်လာ စာလာဖတ်ကြသူများ ၊ ရောက်လာကြသူများ အားလုံး မင်္ဂလာရှိတဲ့ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေလို့
ဆုမွန်ကောင်း တောင်းပေးပါရစေ…

တစ်နှစ်ကုန်ဆုံးသွားပြီးတော့ နှစ်တစ်နှစ် စချိန်မှာ အားလုံးဟာ
 မျှော်လင့်ချက် အသစ်တွေနဲ့ တက်ကြွနေကြမှာတော့ အမှန်ပါဘဲနော်...

ဘယ်လိုဘဲ ဖြစ်ဖြစ် နှစ်သစ်ကူးတဲ့ရက်ဆိုရင်တော့ စိတ်ထဲမှာ ခါတိုင်းနဲ့ မတူ အနည်းငယ်လေးတော့ဖြစ်ဖြစ် ထူးထူးခြားခြား ခံစားမိကြမှာပါ…

ဒီလိုထူးခြားတဲ့ နေ့လေးမှာ ကျွန်တော် ခင်မင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းများ၊ ဘလော်ဂါများ၊ စာလာဖတ်ကြတဲ့ မိတ်ဆွေများ အားလုံး
ဘဝရဲ့ ချိုမြိန်ခြင်း အသီးအပွင့်တွေကို ဆွတ်ခူးနိုင်ပါစေ....

စိတ်ရောကိုယ်ပါ ကြည်လင် ချမ်းမြေ့ပါစေ..
 အောင်မြင်ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ...
 စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒအားလုံးပြည့်ဝကြပါစေ...
နေ့ရက်တိုင်း အဓိပ္ပါယ်ပြည့်ဝသော ရှင်သန်ခြင်းဖြင့် ဘဝကို ကျော်ဖြတ်နိုင်ပါစေ... ကံကောင်းခြင်းတွေနဲ့ ပြည့်စုံပါစေလို့ ၂ဝ၁၂ ခုနှစ်၊ နှစ်သစ်ဆုမွန် ဆုတောင်းပေးပါရစေ…

ကိုထွန်း

Wednesday, December 21, 2011

Experience (10)

Experience (10)

ခေတ်တစ်ခေတ်က အကြီးအကျယ်စကားအဆိုတစ်ခုထွက်လာတဲ့ ပြဿနာအကြောင်းတင်ပြလိုပါသည်။ အဲဒါက (အူမတောင့်မှ သိလစောင့်နိုင်တယ်) ဟူ၍ဖြစ်ပါသည်။ စတင်သုံးလိုက်သူ၏စေတနာကို ကျွန်တော် မသိပါ။ ဒါပေမယ့်အဲဒီယူဆမှုကြောင့်လုပ်ငန်းခွင်တွင်လာဘ်ပေးလာဘ်ယူမှုများစွာ  ပေါ်ထွန်းခဲ့သည်ကို ယခုတိုင်ဝမ်းနည်းစွာ တွေ့မြင်ရပါသည်။ ဒီကိစ္စဟာပြည်တွင်းဆက်ဆံရေး သာမက အပြည်ပြည် ဆိုင် ရာ ပေါင်းသင်း ဆက်ဆံရေးကိုပါထိခိုက်နေကြောင်း ထင်ရှားစွာတွေ့မြင် နေရပါသည်။ တစ်ချို့က အဲဒီလို လုပ်တာကို greesing the hands ဆိုတဲ့ဝေါဟာရကို အသုံးပြုကြပါသည်။ ဒီလိုဖြစ်လာတဲ့ ကင်ဆာ ရောဂါကြီး အပြီးပျောက်ပါစေလို့ ကျွန်တော်တို့တိုင်းပြည်အတွက် ဆုတောင်းမိပါသည်။ ကမ္ဘာပေါ် တွင်လူအမျိုးမျိုး တစ်ဦးနှင့် တစ်ဦး ပေါင်းသင်းဆက်ဆံနေထိုင်လှုပ်ရှားနေကြပါသည်။ အဆိုပါလူ အချင်း ချင်း၏ တန်ဖိုးအတိမ်အနက်သည် အဲဒီပုဂ္ဂိုလ်၏ကိုယ်ကျင့်တရား (character) အပေါ်မှာရေရဲ့ အနက်ကို ကြာရိုးကြာစွယ်ဖြင့်သိသကဲ့သို့ သိအပ်ပါသည်။ အဲဒါကြောင့်ရှေးတုန်းက ဆိုရိုးစကားဖြစ်တဲ့ ** အသက်ကို.. ဥာဏ်စောင့်တယ်ဆိုတဲ့ စကားလုံးကိုပိုမိုနက်ရှိုင်းစွာ ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။ (ဥစ္စာကို ကံစောင့်သည်)

Experience (9)

Experience (9)

လောကကြီးမှာ စိတ်ဝင်စားဖွယ်ကောင်းသော နိယာမတစ်ခုတွေ့ရှိရပါသည်။ အဲဒါဘာလဲဆိုရင် ကိုယ်လို ချင် တာလဲရ တစ်ခြားတစ်ဖက်လည်း မပျက်စီးဘဲရှင်သန်လာတဲ့ နိယာမဖြစ်ပါသည်။ ဓမ္မပဒတွင် ပျားပိတုန်း တို့သည် ပန်းမှမိမိလိုချင်သော ၀တ်ရည်ကိုစုပ်ယူစဉ် cross pollination ပန်းပွင့်တွင်ပို၍လှပခြင်းနဲ့ မျိုးရိုး ဗီဇကောင်းလာသော နိယာမဖြစ်ပါသည်။ It is the bee that robs the flower that it fertilizes သဘာဝနိယာမကို ဘယ်သူမှလွန်ဆန်နိုင်ခြင်းမရှိပါ။ အဲဒါကြောင့် ကျွန်တော်တို့တစ်တွေ နေ့စဉ်၊ လစဉ်၊ နှစ်စဉ် ပရိရေသန၀မ်းစာ ရှာမိစဉ်လိုက်နာသင့်သော သဘာဝနိယာမဖြစ်ကြောင်း သိရှိရန် လိုအပ် ပါသည်။ လောကကြီးမှာ တကယ်ကြည့်ရှုခဲ့လျှင် လူတွေဟာမကောင်းတဲ့ ဟိတ်သုံးပါးနဲ့ လုပ်ကိုင် စားသောက်နေတာကို တွေ့ရှိမှာဖြစ်ပါသည်။ကိစ္စတစ်ခု လုပ်ကိုင် ဆောင်ရွက်ရာ မှာ လောဘ နဲ့ စပြီးတော့ နောက်မှမသိလိုက်မသိဘာသာ ဒေါသကပါလာတယ်။ ၀မ်းနည်းဖို့ကောင်းတာက သူတို့ဖြစ်နေ တာကို မောဟကဖုံးထားပါသည်။အဲဒီတော့မတရားအပြိုင်အဆိုင် တွေဖြစ်လာပြီး  နှစ်ဦးနှစ်ဖက်စလုံးမှာ ကောင်းကျိုးချမ်းသာနဲ့ ဝေးလာပါတော့သည်။

Monday, December 19, 2011

Experience (8)

Experience (8)

တစ်ခါတုန်းက မြောက်ဥက္ကလာပဆေးရုံ Clinician teaching session တွင် စာမေးမရတာများလာတော့ နင်တို့တွေငါ့ခုံဖိနပ်စာဖြစ်တော့မှာဘဲဟုကြိမ်းမောင်းခဲ့ပါသည်။ ကျောင်းသူ၊ ကျောင်းသားတွေကမေးပါသည်။

** ဒါဘယ်လိုအဓိပ္မာယ်နဲ့ ဆရာပြောပါသလဲ.. ဟုမေးပါသည်။ ကျွန်တော်စိတ်ထဲမှာ စာမေးလို့မရရင် မိမိကိုယ်တွင်းမှာဖြစ်လာသော ခံစားချက်တစ်ခုဖြစ်ကြောင်းပြောပြီး မိမိရုံးခန်းအတွင်းပြန်လည်ဝင်ရောက်ခဲ့ ပါသည်။ အချိန်အတန်ကြာတဲ့အခါ သူတို့အထဲမှ ကျောင်းသူ၊ ကျောင်းသားတစ်ခုလာပြီး ကျွန်တော့်အား ** 

ဆရာရယ် .. ကျွန်တော်တို့တစ်တွေအားလုံး ခုံဖိနပ်ဖြင့်အရိုက်မခံရသော၊ ဆိုက်ကားမနင်းရသော၊ ဆရာကြီးပေးသမျှအပြစ်ကိုကျောက်တုံးသဖွယ်ခံဖို့ဆုံးဖြတ်ချက်နဲ့လာရောက်တင်ပြခြင်း ဖြစ်ပါတယ်လို့ ပြောပါသည်။ အဲဒီမှာတင် ဤကျောင်းသူ၊ ကျောင်းသားများကို ကျွန်တော်ရဲ့ ညီအစ်ကိုအရင်းအချာကဲ့သို့ လက်ခံဂုဏ်ယူ မိခဲ့ပါသည်။

Experience (7)

Experience (7)

တစ်ခါတုန်းက ကျွန်တော်တို့ မိတ်ဆွေလေးယောက် ကိစ္စတစ်ခုအတွက် တိုင်ပင်ဆွေးနွေးခဲ့ပါသည်။ အဲဒီဆွေးနွေးပွဲတွင်တစ်ဦးနဲ့တစ်ဦးတိုင်ပင်နေသည့် ကိစ္စအတွက်အပြစ်တင်နေကြပါသည်။ အဲဒါကြောင့် သံသရာတော်တော်ရှည်ခဲ့ပါသည်။ စာရေးသူအနေနဲ့ မူတစ်ခုချ၍ဆွေးနွေးခဲ့ပါသည်။ အဲဒီမူကတော့ "အသင် သည်သူတစ်ဦး ဒါမှမဟုတ် ကိစ္စတစ်ခုအပေါ်မှာ မိမိ၏ Feeling ခံစားချက်ပြောဆိုခွင့်ရှိသလို အဲဒီလို ကိစ္စမျိုးတွင် စီရင်ဆုံးဖြတ်ချက်ကိုမူအားဖြင့် လက်မခံရန်" တင်ပြဆွေးနွေးခဲ့ပါသည်။ You can express your feelings but you cannot express your decision ။ ဒီကိစ္စသည် ကျွန်တော်တို့ တစ်ဦးနှင့် တစ်ဦး ပြဿနာဖြေရှင်းရာတွင် လိုက်လံကျင့်သုံးသင့်သော မူတစ်ခုဖြစ်ပါသည်။

Friday, December 16, 2011

Experience (6)

Experience (6)

Honour ဆိုသည့်စကားလုံး၏ အဓိပ္မာယ်ကို လူတော်တော်များများ ဖော်ကျူးလိမ့်မည်ဟု ယူဆရပါသည်။ သမိုင်းအရ ပြန်စဉ်းစားလျှင် တစ်ချို့ကအမျိုးသမီးရဲ့ ဏ္ဍနြေ္ဒ၊ တစ်ချို့ကမိမိရဲ့ပြောဆိုလုပ်ကိုင်သောကတိ၊ တစ်ချို့က အမျိုးရဲ့ဂုဏ်သိက္ခာစသည့်ဖြင့် အဓိပ္မာယ်ဖော်ကျူးပုံများလှပါသည်။ ဒီကိစ္စနှင့် ပတ်သက်လို့ Iris သမိုင်းအရဖြစ်ပျက်ခဲ့ပုံကို တင်ပြလိုပါသည်။ ထိုအစဉ်ကာလ၌ Ireland တွင် သူပုန်များပုန်ကန် ထကြွလျက် ရှိပါသည်။

နိုင်ငံတော်အစိုးရ၏အမိန့်အရ ဦးစီးခေါင်းဆောင်ဖြစ်သော မိသားစုတစ်ခုမှာ ဦးစီးခေါင်းဆောင်(အဖေ)၊ သူပုန်များနှင့်ရင်ဆိုင်ရန် အိမ်မှထွက်ခါနီးအဖေလုပ်သူက မိမိ၏ဇနီး၊ သားကလေးနှစ်ယောက်အား သူမ ထွက်ခွာမှီ defend your honour ဟုပြောပါသည်။ အဲဒီမှာသားတစ်ယောက်က What is honour? ဟုမေး ပါသည်။ အဖေကပြန်ဖြေသည်မှာ It is a worth you give yourself ဟုပြောပြီး စစ်တိုက် ဖို့ထွက် သွားပါသည်။ မကြာမီသူပုန်များက ၄င်းတို့နေအိမ်ကိုတိုက်ခိုက်ပြီးတော့ အမေကို အနိုင်ကျင့်ပြီး သားနှစ်ယောက်ရှေ့မှာ သတ်ခဲ့ပါသည်။ သားကလေးတွေဟာ သူတို့ဟာသူတို့လိုအပ် တဲ့ လေ့ကျင့်မှု များပြုလုပ်ပြီး အဲဒီသူပုန်တွေပုန်းနေသော အုပ်စုထဲဝင်၍ သတ်ဖျက်ခဲ့ပါသည်။ အဲဒီနောက် အမေရဲ့ အုတ်ဂူဆီသွားပြီး သားနှစ်ဦးလုံးက "အမေကျွန်တော်တို့ရဲ့ Honour ကိုထိန်းသိမ်းခဲ့ပါသည်"၊ ဒီနေရာမှာ Honour နဲ့ ကလဲ့စားချေခြင်းကွာဟပုံကို ကောင်းကောင်းကြီးနားလည်၊ သဘောပေါက်မယ်ဟု ယူဆပါသည်။
Honorific Title ဟူ၍ရှိပါသေးသည်။ ဥပမာ။ ။ ဆရာဝန်များသည် M.B.B.S အောင်ပြီးလျှင် တရားဝင် ၄င်းတို့ အား ဒေါက်တာရယ်ဟုမခေါ်နိုင်ပါ။ သို့သော်ပြုစုကုသခြင်းခံနေရသောလူအများက Honorific Title ပေးခြင်း အားဖြင့် ယခင် M.B.B.S အောင်ပြီးသူများကို ဒေါက်တာအဖြစ်သတ်မှတ်လိုက်ပါသည်။

Wednesday, December 14, 2011

Experience (5)

Experience (5)

ကျွန်တော်တို့အနေနဲ့ ပြောလေ့ပြောထရှိတဲ့ စကားပုဒ်လေးတစ်ခုရှိပါသည်။ အဲဒါကတော့ It is always the singer and not the song ဖြစ်ပါသည်။ ကိစ္စအ၀၀မှာ တကယ်ကိုကိုယ်တွေ့ဖြစ်ရပ်များ ပြောပြနိုင်တဲ့သူက တစ်ခြားသူတစ်ဦး ထက် အရေးပါ အရာဝင်ကြောင်း တင်ပြရခြင်းဖြစ်ပါသည်။ပြဿနာတစ်ခုကြောင့် သူတစ်ဦးက တင်ပြနိုင်စွမ်းမရှိရင် ထိုပြဿနာ၌ မိမိတို့အရှုံးကြီး ရှုံးခဲ့ပေသည်။ ဘယ်ကိစ္စမဆို အချိန် အခါအားဖြင့် ဆုံးဖြတ်နိုင်စွမ်းရှိပါသည်။ Time will tell (တရုတ်ယဉ်ကျေးမှု အတက်နဲ့၊ အဆင်း)  ပြင်သစ်တော်လှန်ရေး၊ အမေရိကန်လွတ်လပ်ရေး စစ်ပွဲနဲ့ သမိုင်းများ ဥပမာတစ်ချို့ပဲရှိပါသည်။

Jerusalem အဖို့ ယခုအထိ အဖြေရှာနိုင်ခြင်းမရှိပါ။ သို့သော် ကျွန်တော်တို့အားလုံး ဒီပြဿနာတစ်ချိန် ကျရင် ပြေလည်မယ်ဆိုတာ မြေကြီးလက်ခက်မလွဲ ခံစားမိပါသည်။ အဲဒါကြောင့် ဒီအဖြစ်အပျက်တွေ အားလုံးကြိုသိခဲ့လျှင် ကျွန်တော်တို့တစ်ဦးချင်းရဲ့ memories ဖြစ်လာတာကိုတွေ့ရပါသည်။

Experience (4)

Experience (4)

မိမိ၏အတွေ့အကြုံအရ တင်ပြခြင်းဖြစ်တဲ့ ဝေါဟာရလေးတစ်ခုရှိပါသည်။ အဲဒါကတော့ " ပဲခူးစား " ဝေါဟာရလေး ဖြစ်ပါသည်။ ကျွန်တော်တို့ငယ်ငယ်က ဝေဘူဆရာတော်ကြီး ဆွမ်းဆန်စိမ်းအလှူခံရန် လမ်းထဲကြွပါသည်။ အဲဒီအချိန်မှာ လမ်းလူကြီးများအဖွဲ့ " ဟိုအိမ်ကဆန်အိတ်ရှေ့ထွက်နေတယ်၊ ဒီအိမ်က ဆန်အိတ်နောက်ရောက်နေတယ် " ဟိုရွှေ့၊ ဒီရွှေ့ ရွေ့ခိုင်းပါသည်။ အဲဒီမှာ ကျွန်တော့်မိခင်က ပဲခူးစားတွေ လာနေကြပြီဟု ပြောပါသည်။ အဓိပ္မာယ်ကတော့ ဘယ်လုပ်ငန်းလုပ်လုပ် (အဲဒီပဲခူးစားရဲ့ ပြုပြင်ပြောင်းလဲမှုကို ခံရစမြဲ) နိယာမကို ခံရမြဲဖြစ်ပါသည်။ Champion of the Champion

Tuesday, December 13, 2011

Education (6)

Education (6)

ကျွန်တော်တို့တစ်တွေ ဒီရုပ်ခန္ဖာကြီးပြုပြင်ပြောင်းလဲ လုပ်ကိုင်နေရတာ စဉ်းစားကြည့်လျှင် သဘောခန္မာဖြ စ် ကြောင်းတွေ့ ရပါသည်။ ဘုရားရဲ့တရားသဘောအရ မဟာဘုတ်ကြီး(၄)ပါးဆိုတဲ့ မြေကြီးပထ၀ီ၊ အာဘော ရေ၊ တေဇော မီးနဲ့ ၀ါရော လေ၊ အပေါ်တို့တွင် တည်ရှိနေပါသည်။ ထိုတည်ရှိချက်ကို နာမ်ခန္မာ ဟူသောစိတ်နှင့် စေတသိတ် ငါးဆယ့်နှစ်ပါးများက ၀င်ရောက်ချယ်လှယ်ပြီး လူအဖြစ်နဲ့လှုပ်ရှားနေ ရပါ သည်။ ဆိုလိုသည်မှာ ရုပ်ခန္မာကြီးသည် ဦးနှောက်မရှိဖြစ်ပြီး ၄င်းအတွက် လှုပ်ရှားရန်အမိန့်ပေးသော အရာမှာခေါင်းဖြစ်ကြောင်း ရှင်းနေပါသည်။ အဲဒီခေါင်းထဲမှာ အာရုံအားဖြင့် စက္ခုအာရုံ မျက်စိ၊ သောတအာရုံ နား၊ ယနာအာရုံ နှာခေါင်း၊ ဇိဝှါအာရုံ လျှာအရသာ၊ ဖောဌဗ္မာအာရုံ တွေ့ထိခြင်းကိုသိခြင်းတို့အပြင် ဓမ္မာရုံဖြစ် ပျက်နေသော ကိစ္စအ၀၀ကို ဥာဏ်ကပညာဖြင့် သိလာသည့်တိုင်အောင် အာရုံ အားဖြင့် ခြောက်ပါးရှိပါသည်။ ဒါကြောင့်ရှေးလူကြီးများ ဆိုရိုးစကားတစ်ခုရှိပါသည်။ အသက်ကို ဥာဏ်စောင့်သည်၊ ဥစ္စာကို ကံစောင့် သည်ဟူ၍ ဆိုရိုးစကားဖြစ်ပါသည်။ နောက်တစ်နည်းပြန် စဉ်းစားလျှင် ကျွန်တော်တို့ဘ၀ သမ္မာ ဒိဌိဖြင့်နေကြောင်း တွေ့ရှိရပါသည်။ လောကတွင် ပရမတ်ထသစ္စာအနေနှင့် တည်ရှိနေသည်မှာ 
၁။ စိတ် 
၂။ စေတဿိတ်
၃။ ရုပ် 
၎။ နိဗ္မာန် ကျန်တဲ့အရာအားလုံးသည် ပညက်များဖြစ်နေပါသည်။

Education (5)

Education (5)

လောကကြီးမှာ လူအဖြစ်နဲ့ လည်ပတ်စဉ် လူတကာတို့တွေ့ကြုံပြီး ပညာယူထိုက်တဲ့ စာရေးဆရာကြီး ဦးသုခရေးခဲ့သည့် ဘ၀သံသရာသီချင်းမှ ကောက်နုတ်တင်ပြအပ်ပါသည်။

" ဘ၀သံသရာ "
ဘ၀သံသရာရှည်လျား၊ ထွေဖျား မနေမနား တစ်သွားတည်းသွားကြတာ .....
အဲဒီလိုသံသရာမဆုံးမခြင်းသွားကြတာ...... ဘယ်သူတွေရဲ့ ပရောဂလည်း
စဉ်းစားကြည့်တော့........
လောဘရယ်၊ ဒေါသရယ်၊ မောဟရယ် အ၀ိဇ္စာ ပစ္စုရ သင်္ခါရာ.......
ငိုလိုက်၊ ရယ်လိုက်၊ ဘယ်အခါမတည်မြဲ........ ဖောက်လွဲ၊ ဖောက်ပြန်
အကြောင်းကံ ကံမသကာ.......
ပျော်လိုက်၊ ရွှင်လိုက်၊ ငိုကာ၊ ရယ်ကာ၊ ဖောက်လွှဲ၊ ဖောက်ပြန် အကြောင်းကံ
ကံမသကာ.......
တွေ့ကြုံ၊ ဆုံကွဲ၊ ခရီးနည်း ၀မ်းနည်းဝမ်းသာဖြစ်ချင်တာလည်း မဖြစ်ရပါ....
မဖြစ်ချင်တာလည်း ဖြစ်ရတာ...
အဲဒါ အဲဒါ ဘ၀သံသရာ.......
သြော် (၃၁)ဘုံ ဖြစ်ခြင်းရောက်တော့ ကရွက်ကွင်းရောက်တဲ့......
ဒုက္ခသစ္စာ၊ သမုဒ္ဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာကို
ကျင့်ကြံအားထုတ်နိုင်ခဲ့လျှင် ဒီဘ၀သံသရာက လွတ်မြောက်နိုင်မှာ 
(အဲဒါ အဲဒါ ဘ၀သံသရာ.......)
စာဖတ်သူပရိသတ်အနေဖြင့် ဦးသုခရဲ့ ဆိုဆုံးမစကားကို
တိကျစွာလိုက်နာကျင့်သုံးကြရန် အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။

Education (4)

Education (4)

ယခုလောလောဆယ် နောက်ဖေးအိမ်ကင်ဆာ retal cancer ကို မခွဲစိတ်ဘဲပြုစုကုသနည်းဖြင့် တစ်ချို့နိုင်ငံများ တွင် ပေါ်ထွန်းနေပါသည်။ သည်စက်ဟာ Papillion 50TM ဖြစ်ပါသည်။ ဤကုသမှုများကို အထူးသဖြင့် အနောက်နိုင်ငံများတွင်လုပ်နိုင်ရန်များသည်။ Review များပေါ်ထွက်ခဲ့ပါသည်။

Monday, December 12, 2011

Personal(4)

Personal(4)

ဘုန်းတော်ကြီးဟောတော်မူသော မြတ်စွာဘုရား၏ ဆိုဆုံးမစကားသုံးခုရှိပါသည်။
  1. မကောင်းတာဟူသမျှ ရှောင်ရှားပါ၊ လုပ်ပြီးသားမကောင်းတာတွေကိုဆက်မလုပ်ပါနဲ့၊ လုပ်ပြီးသား ကောင်းတာတွေကိုဆက်လုပ်ပါ။
  2. မကောင်းတာဟူသမျှ ရှောင်ပါ။ မရှောင်ရသေးတဲ့ မကောင်းတာတွေကိုရှောင်ပါ၊ ရှောင်ပြီးသား မကောင်းတာတွေကိုဆက်ရှောင်ပါ။
  3. စိတ်ကောင်းတစ်ခုမွေးပါ၊ (ထားပါ)၊ အဲဒီစိတ်က ကြည်လင်အေးမြပြီးမကောင်းတဲ့စေတသိတ် တွေကို လာရောက်မဖျက်ဆီးနိုင်ရန် ယောနိသောမနသီကာရဖြင့် တည်ကြည်အေးချမ်းတဲ့စိတ်ကို မွေးပါ။ 
(သင့်တင့်လျှောက်ပတ်စွာ)

Personal (3)

Personal (3)

ကျွန်တော်နေထိုင်မကောင်းစဉ် ၀ိုင်းဝန်းပြီးနေ့ညမပျက် ပြုစုပေးတဲ့သူများ၊ ပြည်တွင်းပြည်ပအဖွဲ့များကို အထူး တလည် မိမိနှလုံးသားခံစားချက်ဖြင့် ကျေးဇူးဥပါကာရတင်ရှိပါကြောင်း၊ စာရေးသူက ပတ်ဝန်းကျင် လောက ကြီးကို အသိပေးကြေညာအပ်ပါသည်။ နေ့ပိုင်းတွင်တစ်ဖွဲ့၊ ညပိုင်းတွင်တစ်ဖွဲ့ ကျွန်တော်၏ လိုအပ်ချက်များကို လိုလေသေးမရှိအောင် ဖြည့်စွက်ပံ့ပိုးပေးနေသူများ ဆရာ၊ ဆရာမ ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများ အပါအ၀င် ဆရာကြီးများအား စာရေးသူအနေနှင့် အလေးအနက် ဂုဏ်ပြုကျေးဇူးတင်ကြောင်း မှတ်တမ်းတင် လိုပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More