Experience (6)
Honour ဆိုသည့်စကားလုံး၏ အဓိပ္မာယ်ကို လူတော်တော်များများ ဖော်ကျူးလိမ့်မည်ဟု ယူဆရပါသည်။ သမိုင်းအရ ပြန်စဉ်းစားလျှင် တစ်ချို့ကအမျိုးသမီးရဲ့ ဏ္ဍနြေ္ဒ၊ တစ်ချို့ကမိမိရဲ့ပြောဆိုလုပ်ကိုင်သောကတိ၊ တစ်ချို့က အမျိုးရဲ့ဂုဏ်သိက္ခာစသည့်ဖြင့် အဓိပ္မာယ်ဖော်ကျူးပုံများလှပါသည်။ ဒီကိစ္စနှင့် ပတ်သက်လို့ Iris သမိုင်းအရဖြစ်ပျက်ခဲ့ပုံကို တင်ပြလိုပါသည်။ ထိုအစဉ်ကာလ၌ Ireland တွင် သူပုန်များပုန်ကန် ထကြွလျက် ရှိပါသည်။
နိုင်ငံတော်အစိုးရ၏အမိန့်အရ ဦးစီးခေါင်းဆောင်ဖြစ်သော မိသားစုတစ်ခုမှာ ဦးစီးခေါင်းဆောင်(အဖေ)၊ သူပုန်များနှင့်ရင်ဆိုင်ရန် အိမ်မှထွက်ခါနီးအဖေလုပ်သူက မိမိ၏ဇနီး၊ သားကလေးနှစ်ယောက်အား သူမ ထွက်ခွာမှီ defend your honour ဟုပြောပါသည်။ အဲဒီမှာသားတစ်ယောက်က What is honour? ဟုမေး ပါသည်။ အဖေကပြန်ဖြေသည်မှာ It is a worth you give yourself ဟုပြောပြီး စစ်တိုက် ဖို့ထွက် သွားပါသည်။ မကြာမီသူပုန်များက ၄င်းတို့နေအိမ်ကိုတိုက်ခိုက်ပြီးတော့ အမေကို အနိုင်ကျင့်ပြီး သားနှစ်ယောက်ရှေ့မှာ သတ်ခဲ့ပါသည်။ သားကလေးတွေဟာ သူတို့ဟာသူတို့လိုအပ် တဲ့ လေ့ကျင့်မှု များပြုလုပ်ပြီး အဲဒီသူပုန်တွေပုန်းနေသော အုပ်စုထဲဝင်၍ သတ်ဖျက်ခဲ့ပါသည်။ အဲဒီနောက် အမေရဲ့ အုတ်ဂူဆီသွားပြီး သားနှစ်ဦးလုံးက "အမေကျွန်တော်တို့ရဲ့ Honour ကိုထိန်းသိမ်းခဲ့ပါသည်"၊ ဒီနေရာမှာ Honour နဲ့ ကလဲ့စားချေခြင်းကွာဟပုံကို ကောင်းကောင်းကြီးနားလည်၊ သဘောပေါက်မယ်ဟု ယူဆပါသည်။
Honorific Title ဟူ၍ရှိပါသေးသည်။ ဥပမာ။ ။ ဆရာဝန်များသည် M.B.B.S အောင်ပြီးလျှင် တရားဝင် ၄င်းတို့ အား ဒေါက်တာရယ်ဟုမခေါ်နိုင်ပါ။ သို့သော်ပြုစုကုသခြင်းခံနေရသောလူအများက Honorific Title ပေးခြင်း အားဖြင့် ယခင် M.B.B.S အောင်ပြီးသူများကို ဒေါက်တာအဖြစ်သတ်မှတ်လိုက်ပါသည်။
1 comments:
Deep!
Post a Comment