Education (8)
Danial Webster တစ်ခါက ကျောက်တုံးကျောက်ခဲ၊ ဒါမှမဟုတ် ကြေးများအပေါ်တွင် စာပေများရေးထား ခဲ့လျှင် အချိန်ကြာရင် ပျောက်ကွယ်သွားမှာဖြစ်ပါသည်။ အဲဒီကျောက်တုံး၊ ကြေးတုံးတို့ကိုသုံးပြီး ဘုရားရှိး ခိုးကျောင်းများ ဆောက်ရင်လည်း အချိန်ကြာလာရင် ဒါတွေဟာ ပျောက်ကွယ်ပျက်စီးသွားမှာဖြစ်ပါသည်။ ဒါပေမဲ့လူတစ်ဦးရဲ့ မပျက်စီးနိုင်သော စိတ်ဓာတ်အပေါ်ကို မူအားဖြင့် မိမိ၏ပြိုင်သူဖြစ်သော တစ်ခြား သူများ ကို ချစ်ခင်အောင်နှင့် မှန်ကန်သော တရားကို လက်ခံကျင့်သုံးသော ဘုရားတို့ရဲ့မူကို ဒီလူတွေရဲ့ စိတ်ဓာတ် အပေါ် ဖော်ကျူးနိုင်ခဲ့လျှင် အဲဒီမူဟာဘယ်တော့မှ ပျက်စီးပြောင်းလဲသွားမှာမဟုတ်တော့ပါ။ M.B.B.S အောင်ပြီးလူတွေက အဆိုပါဆရာဝန်ကို Honourific title အဖြစ်ဒေါက်တာ ဟု ခေါ်ဆို ယူဆ လိုက်ခြင်း အားဖြင့် ဒေါက်တာတစ်ဦးဖြစ် သွားပါသည်။ သို့သော် doctor as an education person ဖြစ်ရန် အများကြီး လိုသေးကြောင်း သဘောပေါက်နားလည်ဖို့လိုပါသည်။ တစ်နည်းအားဖြင့်ပြောရင် ဆရာဝန်တစ်ဦး သူတစ်သက်တာ မှာတွေ့ကြုံရမဲ့ ပြသနာအမျိုးမျိုးကို နိုင်နင်းစွာ ဖြေရှင်းနိုင်စွမ်းအသိပညာ၊ အတတ်ပညာ ရှိသင့်ပါသည်။ ထိုအသိပညာ၊ အတတ်ပညာသည် အလျားဘယ်လောက်ရှည်ကြောင်း၊ အနံဘယ်လောက် ရှည်ကြောင်း၊ ထုထည်ဘယ်လောက်ရှည်ကြောင်း မည်သူမှ တွက်ချက်ပေးနိုင်စွမ်းမရှိပါ။ တကယ်စဉ်းစား ကြည့်လျှင် ထိုအသိÓဏ်သည် မိမိ၏ လုပ်သက်အပေါ်မူတည်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဆရာဝန် တစ်ဦး သိသင့်သိထိုက်၊ ပိုင်သင့်ပိုင်ထိုက်သော အသိပညာ၊ အတတ်ပညာသည် ၄င်း၏ လုပ်သက် အပေါ်မှာ လုံးဝမူတည်နေပါသည်။ ဥပမာပြောရလျှင် မိမိနေထိုင်တဲ့နေရာမှာ ဆေးဝါး ကုသခြင်းနဲ့လုပ်ရာမှာ အဲဒီ အပြင် အဲဒီလူဟာ ရပ်ကွက်အတွင်းတွင်ပြဿနာဖြစ်လျှင် လူအများက သူ့အပေါ် ကို ခေါင်းဆောင် တစ်ဦး အနေနဲ့ ရှု့မြင်လာပါသည်။ အဲဒါကြောင့် William Osler; the Father of Medicine က ဆရာဝန် တစ်ဦး သည်သူ့တစ်သက်တာမှာ ကျောင်းသားဖြစ်သည်ဟု ဆိုခဲ့ပါသည်။လုပ်ကိုင်လှုပ်ရှားမှုသည် အသက်ဖြစ် သည်။
ဒါကြောင့်ကျွန်တော်တို့ဆရာဝန်တွေ လုပ်ကိုင်လှုပ်ရှားမှုတွေ ရပ်လိုက်တာ နဲ့ သေနေပြီဟုသတ်မှတ် လိုက်ပါ သည်။အဲဒါကြောင့်ကျွန်တော်တို့ ဆရာဝန်ဟာမိမိရဲ့ အလုပ်ကိုလုပ်ကိုင်လှုပ်ရှားနေရင်း၎င်းဟာ ကျောင်းသား တစ်ယောက်အဖြစ် နားလည်သဘောပေါက်ဖို့ကောင်းပါသည်။ ဒီကိစ္စ မှာ ကျောက် စရစ် အတုံးကြီးကို ရုပ်ထုဖြစ်အောင် လုပ်သလိုပညာသင်ယူခြင်းသည် လူ့ရဲ့နှလုံးသားကို အကောင် အထည်ဖော်ပေးပါသည် (Addison)/ ကျွန်တော် တို့ကိုပညာသင်ယူတဲ့နေရာမှာ ဘယ်လို စဉ်းစား ရလဲ၊ ဘယ်လို ဆုံးဖြတ်ရမလဲကို ဦးတည်ပြီး သင်ထိုက်ပါသည်။ ပညာသင်ယူခြင်းရဲ့အဆုံးဟာ စည်းကမ်းရှိ လာခြင်းဖြစ်ပြီး မိမိဦးနှောက်ကို အင်အားအပြည့်ဖြင့် သုံးနိုင်ခြင်းဖြစ်ပြီး၊ သူများတွေ ပြောထားသော သူများတွေ လုပ်ထားသော အချက် အလက်တွေကို တစ်ခုတည်း စုစည်းပြောထားခြင်းမဟုတ်ပါ (TWETRS)/
ဆရာဝန်တစ်ဦးရဲ့ ပညာသင်ကြားပုံကို တစ်နည်းအားဖြင့် အမျိုးအစားသုံးမျိုးဖြစ်ကြောင်းတွေ့ရပါသည်။
၁။ သိပ္ပံနည်းကျ ဖွံ့ဖြိုးခြင်း။
၂။ အနုပညာအရ ဖွံ့ဖြိုးခြင်း။
၃။ အတွေးအခေါ်မူများဖြင့် ဖွံဖြိုးခြင်း ဖြစ်ပါသည်။ စိတ်ဝင်စားဖို့ကောင်းသည်မှာ တစ်ချို့ဆရာဝန်များ သည်၊ နိုင်ငံရေးသမား၊ စီပွားရေးသမား၊ ဘဏ်အလုပ်သမား၊ အင်ဂျင်နိယာ ဖြစ်သွားကြ သည် ကို တွေ့ရပါသည်။ အဆိုပါ ဆရာဝန်များသည် သူတို့ ဆောင်ရွက်သင့်သော ကိစ္စရပ်များနှင့်ပြောင်းပြန် အလုပ်များပြုလုပ်နေတာကိုတွေ့ရပါသည်။ အရှေ့အလယ်ပိုင်းဒေသနှင့် ဘောလ်ကန် ဒေသများတွင် လူတွေကိုအစုလိုက်သုတ်သင်နေတဲ့ ဆရာဝန်တွေကိုတွေ့ရပြီး အံဩမိပါသည်။ ထိုနည်းတူစွာဘဲ ဒေါက်တာ Albert Switzerဟာ ပြင်သစ်အုပ်ချုပ်တဲ့အာဖရိကနိုင်ငံတွင် အသက်(၃၁) M.B.B.S ဆရာဝန်အဖြစ် ကြိုးစား အားထုတ်ခဲ့ပြီး သူ့ရဲ့ယူဆချက် philosophy of civilisation 1923 ကို စာတန်းတင်ခဲ့ပါသည်။ ဒီကိစ္စအတွက် ၁၉၅၂ ခုနှစ်တွင် Nobel Peace Prize ဆက်သခြင်း ခံခဲ့ရပါသည်။ တကယ်အားလုံး စာရင်းစစ်ရရင် "မိမိကိုယ်မိမိလိုအပ်တဲ့ပညာ ပြည့်စုံတဲ့ဆရာဝန်လား"ဆိုတဲ့ မေးခွန်းကို အဖြေရှာ ကြည့်ရုံပါဘဲ။ တကယ်လို တာက ကိုယ်ကိုကိုယ်ကောင်းသတဲ့ကောင်းအောင် အလုပ်ကိုကြိုးစားလုပ်၊ လိုအပ်တဲ့အသိပညာ၊ အတတ် ပညာစုဆောင်း၊ ဖြတ်ထိုးÓဏ်ကောင်းကောင်းရရှိလာအောင် ကြိုးစားရ မည်ဖြစ်ပါသည်။
0 comments:
Post a Comment