Wednesday, November 30, 2011

Personal (2)

Personal (2)

တစ်ချိန်ကကျွန်တော်ဆေးတက္ကသိုလ်(၂)ကို အစည်းအဝေးသွားရန် အိမ်မှကားဖြင့်ထွက်ခဲ့ပါသည်။ မြို့ထဲတစ် နေရာတွင် ကားပျက်သွားပါသည်။ ကျွန်တော်ကပလက်ဖောင်းပေါ်တွင်ရပ်၍ အသိကား တစ်စီးကို မျှော်နေမိပါသည်။ အဲဒီအချိန် အမျိုးသမီး ဝ၀တစ်ဦးသည် ကျွန်တော့်အနားမှဖြတ်သွားသော ဆိုက်ကားကို လှမ်းခေါ်ပါသည်။ ဆိုက်ကား သမားက ဒီအစ်ကိုကြီးငှားပြီးပြီဟု ကျွန်တော်အား လက်ညိုး ထိုးပြပါသည်။ အမျိုးသမီးဝ၀ကြီးက ဒီလိုဆိုလည်းပြီးရောဟူ၍ ထွက်သွားပါသည်။ အမျိုးသမီးကြီးက ထွက်သွားပြီးနောက် ကျွန်တော်က ဆိုက်ကားသမားအား မင်းဘာကြောင့်ငါမင်းကို ခေါ်ထားတာဟု သွားပြောတာ လဲဟုမေးရာ ဆိုက်ကားဆရာက ဟာ... ဟိုဝ၀ကြီးဘယ် ပို့ပို့ဒီပိုက်ဆံ ဘဲရမှာဘဲ ဟုပြော ပါသည်။ အဓိပ္ပာယ်က သူဒီဝ၀ကြီးကိုပို့ရင်ပိုပင်ပန်းမယ်ဟု ဆိုလိုပါသည်။ အဲဒီတွင်ကျွန်တော်က ဒီဆိုက်ကား သမားကြီးပေးသောပညာကို ရလိုက်ပါသည်။ အဲဒီကိစ္စအဝ၀ကို မင်္ဂလာဒုံကျွန်တော် စာသင် တဲ့နေရာမှာ ပြောဆို သင်ကြား တဲ့အခါ အတန်းအတွင်းကမိန်းကလေး ကျောင်းသူတစ်ချို့သည် မိန်းကလေး ဆိုက်ကားနင်းရင် ဒုက္ခရောက်တော့မှာပေါ့ဟု ပြောပါသည်။ ကျောင်းသား၊ ကျောင်းသူတွေ က ဝိုင်းရယ်နေသည်။ ကျွန်တော်က ဝမ်းနည်းစွာနှင့် အဲဒီတော့မှပိုကောင်းမှာ ပေါ့ကွာဟု ပြောလိုက် ပါသည်။ ဒီနေရာမှာ ကျွန်တော်က ဆိုက်ကားသမားရဲ့ ခသာသညျနညျန (ဖြတ်ထိုးÓဏ်)ကို ချီးကျူး နေခြင်း ဖြစ်ပါသည်။ ယခုတော့ ဓားရာတစ်လွဲ ဒုတ်ရာတစ်လွဲ ဖြစ်ခဲ့ပါသည်။ သူတို့တစ်တွေ ဆိုက်ကားသမားကပေးသော ပညာကိုရယူနိုင်စွမ်းမရှိ၍ ဝမ်းနည်းမိပါသည်။

လောကတွင်ကျွန်တော်တို့လူအဖြစ် ရှင်သန်လှုပ်ရှားနေသ၍ ယခုလိုဖြတ်ထိုးဥာဏ်သည် အဓိကကျတဲ့ နေရာတွင် ပါဝင်နေပါသည်။ ဒါပေမဲ့ ပြန်လည်စီစစ်ကြည့်ခဲ့ရင် ဖြတ်ထိုးÓဏ်ဟာလောကကြီးမှာ များစွာရှားပါးနေတာကို လေ့လာ တွေ့မြင် ရပါတယ်။ ဥပမာအားဖြင့် လမ်းမကြီးပေါ်တွင်ကုန်တင် လာသောကားဟာ အပေါ်မှလျှပ်စစ်ကြိုး ဖြင့်ငြိ၍ လူကြီး တွေ ဦးနှောက်ခြောက်နေစဉ် ကလေးလေးတစ်ယောက်က ကားလေလျှော့ပြီးတွန်းထုတ်ရန် ဖြတ်ထိုးÓဏ်ဖြင့် ပြောပြပါ သည်။ လူကြီးများ တအံ့တဩဖြင့် ကလေးလေးရဲ့ဖြတ်ထိုးဥာဏ်ကို ချီးမွန်းရပါသည်။

နိုင်ငံခြားမှာ FRCS စာမေးပွဲစစ်ရန် ပုဂ္ဂိုလ်များရောက်ရှိလာပါသည်။ ၄င်းတို့အား ပြုစုစောင့်ရှောက်သူ (laison)အဖြင့် ဝန်ကြီးမှတာဝန်ပေးပါသည်။ ၄င်းတို့အဖွဲ့နှင့်ရွှေတိဂုံဘုရားအပေါ်သို့ လေ့လာရေးခရီး တစ်မနက်တွင် သွားခဲ့ပါသည်။ အဲဒီနေ့တွင် မြေညီထပ်မှစေတီရင်ပြင်သို့ ဓာတ်လှေခါးဖြင့်တက်ခဲ့ပါသည်။ ရင်ပြင်ပေါ်မှအဆင်း ခြေထောက်ဖြင့် တစ်ထစ်စီဆင်းကာ မြန်မာ့ဗုဒ္ဓဝင်သမိုင်းကို အေးအေးဆေးဆေး သေသေချာချာ ၄င်းတို့အား ရှင်းလင်းတင်ပြနိုင်ခဲ့ပါသည်။ ယခုလိုမိမိလိုချင်တဲ့ ရည်ရွယ်ချက်ကို ကိုယ်ကာယမပင်ပန်းဘဲ ဖော်ကျူးနိုင်ခဲ့ခြင်းကို ထို FRCS အဖွဲ့မှ ပြောပြသွားပါသည်။ 

ဆက်ရန် =>>

3 comments:

Sayagyi
I am very glad to see your blog and read your posts,that means that you are well enough to do what you want to do.
Please take great care of yourself.
Are you back home now?
We all are well, Thiri is doing great at her school. Hoping to see you in summer.
Myat lae

Dr. UMMS:

Enyoyed all your blogs. Thanks for putting down your thoughts. Please keep on sharing, and smiling. Let us smile and laugh with you too. Life is serious for sure, but is it that serious? Does it not depend on which angle one looks at it and how one learns from it?

I searched for these links like a mission that I had to fulfill. I hope you can listen to it.

http://www.youtube.com/watch?feature=endscreen&v=rWRIojSvMN8

http://www.youtube.com/watch?v=56HFYYp336g


My best always as always,

Jen

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More