Personal (1)

အဲဒီနေ့တွင်မီးဝိုင်းကြီးက ကျွန်တော်လက်ယာဘက်ကို သွားနေတာတွေ့တယ်။ အဲဒီနောက်ကို ကျွန်တော်က လိုက်ပြီးငါ့အမေသူ့သားလေးယောက်ကိုလာခေါ်နေပြီဆိုပြီး ကျွန်တော်ကလိုက်ခဲ့ ပါသည်။

Education

ကျွန်တော်တို့ အရင်က Medical ကျောင်းသားများစာသင်ပေးစဉ်က နိယာမအားဖြင့်လူဟာလေးမျိုးသာ ရှိတယ်။

Experience (1)-(2)

ကျွန်တော်တို့တစ်တွေ ဆရာဝန်တစ်ယောက်အနေနဲ့ လူမမာတစ်ယောက်ကို မျက်နှာချင်းဆိုင်နေရမှာပါ။ အဲဒီနေရာမှာ ပမာဏအားဖြင့် ကြည့်ရှုခဲ့လျှင် ရောဂါ တစ်ချို့ဟာ (ဥပမာ။ ။ အူအတက်ပေါက်တယ် ခွဲလိုက်တယ်) ရောဂါပျောက်သွားတယ်။

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

၂ဝ၁၂ ခုနှစ် အတွက် နှစ်သစ်ဆုမွန်တောင်း

ချစ်ခင်ရပါသော သူငယ်ချင်းများ၊ မိတ်ဆွေများ၊ အလည်လာ စာလာဖတ်ကြသူများ ၊ ရောက်လာကြသူများ အားလုံး မင်္ဂလာရှိတဲ့ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါရစေ…

Friday, January 13, 2012

Experience (11)

Experience (11)

A thing of beauty is a joy for ever it never diminishes and it goes on forever, 

John Ruskin 
Beauty လှပခြင်းအကြောင်းကို လေးလေးနက်နက်စဉ်းစားခဲ့လျှင် လှပသောမိန်းကလေး၊ ပဲရစ်တွင်ရှိသော Mona Lesae ၊ ဝါရှင်တန်နှင့်ဂျပန်တို့တွင် တစ်ပြိုင်နက်ပွင့်သောချယ်ရီပန်းပွင့်ပွဲ၊ ပြိုင်မြင်း တစ်ကောင်   ပြေးနေတာ မြင်ရတဲ့အခါ၊ မိမိကိုယ်ပိုင် အိမ်တွင်မွေးထားသော တိရစ္ဆာန်တို့ ကို ပြုပြင်ပြောင်းလဲ သင်ထားခြင်း၊ နေဝင်၊နေထွက် ရှုခင်းကို ပင်လယ်ပြင်ပေါ်၌ရှုမြင်ရခြင်း။ လပြည့်နေ့လကြီး လဝန်း အပြည့်ထွက်လာသည်ကို မြင်ရခြင်း။ စသည်ဖြင့် မိမိကြည့်တတ်ခြင်း အပေါ်မူတည်ပြီး ကျွန်တော်တို့ ဝန်းကျင်၌ beauty အမြဲတမ်းလှပနေပါသည်။ ဝမ်းနည်းဖို့ကောင်းသည်မှာ တစ်ချို့လူတွေ ၏ လောကကြီးရဲ့တောက်ပခြင်းကို မခံစားနိုင်တဲ့အခြေအနေရောက်ပြီး နောက်ဆုံးပိတ်တွင် မိမိအသက် ကိုမိမိ အဆုံးသတ်သွားကြသည်များကို တွေ့ရတဲ့အခါလွန်စွာ ဝမ်းနည်းမိပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More